China (HongKong)

ဒစ်ဂျစ်တယ်ယှဉ်ပြိုင်နိုင်စွမ်းတွင် ဟောင်ကောင်ဒေသ အဆင့် ၇ တွင် ရပ်တည်

Last Updated:

ဟောင်ကောင်သည် ၂၀၂၄ ခုနှစ် ကမ္ဘာ့ ဒစ်ဂျစ်တယ်ယှဉ်ပြိုင်နိုင်စွမ်း အဆင့်သတ်မှတ်ချက် (WDCR) တွင် အဆင့် ၇ ၌ ရပ်တည်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ ဒစ်ဂျစ်တယ်ယှဉ်ပြိုင်နိုင်စွမ်း အဆင့်သတ်မှတ်ချက် ၂၀၂၄ တွင် ဟောင်ကောင်ဒေသသည် ယခင်နှစ်ကထက် အဆင့်သုံးနေရာ မြင့်တက်ခဲ့သည်ဟု “HK 7th in digital competitiveness” သတင်းခေါင်းစဉ်ဖြင့် ဟောင်ကောင်ဒေသအစိုးရ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားပါသည်။

WDCR ၂၀၂၄ အတွက် အကဲဖြတ်သည့် အချက်သုံးချက်အနက် ဟောင်ကောင်ဒေသသည် နည်းပညာနှင့် ဗဟုသုတကဏ္ဍတို့တွင် အဆင့်သုံးနှင့် အဆင့်ငါး ၌ အသီးသီး ရပ်တည်နေပြီး၊ ဒေသ၏ future readiness တွင် အဆင့်မြင့်တက်လာခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

WDCR ၂၀၂၄ ရလဒ်သည် ဟောင်ကောင်ဒေသကို ကမ္ဘာပေါ်တွင် ဒစ်ဂျစ်တယ် ယှဉ်ပြိုင် နိုင်စွမ်းအရှိဆုံး ဒေသတစ်ခုအဖြစ် ရပ်နေမှုကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်းနှင့် အမျိုးသား (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်းတွင်လည်း ဟောင်ကောင်ဒေသကို နိုင်ငံတကာ ဆန်းသစ် တီထွင်မှုနှင့် နည်းပညာဗဟိုဌာန တစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု မည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ရေးသားဖော်ပြထားပါသည်။

 ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၁၀၀ တွင်ပါဝင်သော တက္ကသိုလ် ငါးခု တည်ရှိရာ ဟောင်ကောင် ဒေသ၌ ကမ္ဘာ့အဆင့်မီ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စွမ်းဆောင်ရည်၊ သတင်းအချက် အလက်နှင့် နည်းပညာနှင့် အခြေခံအဆောက်အဦများနှင့် ကဏ္ဍအသီးသီးမှ  အရည်အချင်းရှိသူ များ စုဝေးတည်ရှိရာနေရာဖြစ်ကြောင်း ဒေသအစိုးရသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ထို့ပြင် ပွင့်လင်းမျှတသည့် စီးပွားရေးဝန်းကျင်၊ ရှင်းလင်းသည့် အခွန်စနစ်နှင့် နိမ့်ကျသည့် အခွန်နှုန်းထား၊ ကမ္ဘာတစ်ဝှမ်းမှ မဟာဗျူဟာမြောက်လုပ်ငန်းများနှင့် အရည်အချင်းရှိသူများ လာရောက်ရန် ဆွဲဆောင်နိုင်သည့် ဒေသအစိုးရ၏ ခိုင်မာသည့် မူဝါဒများ ထောက်ပံ့ထားရှိမှု ကြောင့် ဟောင်ကောင်ဒေသသည် တည်ထောင်စလုပ်ငန်းများအတွက် ကောင်းမွန်သည့် ဂေဟ စနစ်ရှိနေကြောင်း ရေးသားဖော်ပြထားပါသည်။

အလားတူ မဟာမဲခေါင်ပင်လယ်ကွေ့ဒေသ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဟောင်ကောင် ဒေသ၏ ကွန်ရက်ချိတ်ဆက်ထားမှုနှင့် အခွင့်အလမ်းများရှိနေပြီး သတင်းအချက်အလက်နှင့် နည်းပညာ အခြေခံအဆောက်အဦ တိုးမြှင့်ရေးအတွက် ဟောင်ကောင်ဒေသအစိုးရအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့

Category: China (HongKong)