China (HongKong)

ကမ္ဘာတစ်ဝှမ်းမှ ဝန်ထမ်းခေါ်ယူသွားရန် ဟောင်ကောင်ကုမ္ပဏီများ စိတ်ဝင်စားမှုမြင့်တက်

Last Updated:

ဟောင်ကောင်ဒေသအခြေစိုက် ကုမ္ပဏီများသည် ဖိလစ်ပိုင်၊ အိန္ဒိယနှင့် အခြားနိုင်ငံများ ကျွမ်းကျင်ပညာရှင်များ ငှားရမ်းခေါ်လျက်ရှိကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် “Interest in global hiring growing amongst Hong Kong companies: report” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသပြင်ပမှ ကျွမ်းကျင်သူများကို ငှားရမ်းလိုမှု မြင့်တက်လာကြောင်း၊ ဟောင်ကောင်အခြေစိုက် ကုမ္ပဏီများအနေဖြင့် ကျွမ်းကျင်သူများ စုဆောင်းရရှိနိုင်ရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ ငှားရမ်းခန့်ထားမှု မြင့်တက်လာသည်ဟု လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါ သည်။

ဟောင်ကောင်ကုမ္ပဏီများ အဓိကအားဖြင့် ကျွမ်းကျင်သူငှားရမ်းခေါ်ယူသည့် နိုင်ငံနှင့် မြို့များမှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၊ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၊ ဂျော်ဂျီရာနိုင်ငံ၊ Tbilisi မြို့၊ အိန္ဒိယနိုင်ငံ၊ Bangalore မြို့နှင့် ယူကရိန်းနိုင်ငံ၊  Dnipro တို့ဖြစ်ပြီး၊ ခေါ်ယူခန့်ထားသည့် ရာထူးနေရာများမှာ ဘာသာပြန်၊ software developer ၊ voice data annotator ၊ account executive (အရောင်း)၊ software engineer တို့ဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)