China (HongKong)

၂၀၂၃ ခုနှစ်သည် ဟောင်ကောင်ဒေသသို့ နိုင်ငံတကာမှလာရောက်မှု အမြင့်ဆုံးဖြစ်

Last Updated:

၂၀၂၃ ခုနှစ်အတွင်း ဟောင်ကောင်ဒေသသို့ နိုင်ငံတကာမှ လာရောက်မှုသည် ယခင်နှစ် စာရင်းဇယားနှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံးဖြစ်သည်ဟု Euromonitor Internationalမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း Hong Kong Business သတင်းဌာနမှ “Hong Kong records biggest YoY growth in international arrivals in 2023” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသတွင် နိုင်ငံတကာခရီးသွားလာရောက်မှု ၁၃.၇ ဘီလီယံဖြင့် ၂၀၂၂ ခုနှစ်ကထက် ၂၄၉၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု ဈေးကွက်သုတေသနကုမ္ပဏီတစ်ခုဖြစ်သည့် Euromonitor International  က ဖော်ပြထားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသသည် ကိုဗစ်-၁၉ ကြောင့် ကန့်သတ်ပိတ်ပင်မှုများကို နောက်ဆုံးပယ်ဖျက်ခဲ့သည့် ဒေသဖြစ်ပြီး ဟောင်ကောင်နှင့် တရုတ်ပြည်မတို့အကြား နယ်စပ်ဂိတ်အားလုံးကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှ ပြန်ဖွင့်ခဲ့သည့် ခရီးသွားဒေသတစ်ခုဖြစ်သော်လည်း ဟောင်ကောင်ဒေသ အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်း၏ ပြောင်းလဲလာသည့် လိုလားချက်များ ပြည့်မီစေရန် ယဉ်ကျေးမှုဆိုင်ရာ ဗဟိုဌာနတစ်ခုဟူသော အတွေးအခေါ်ဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

နိုင်ငံတကာခရီးသွားဝင်ရောက်မှု မြင့်တက်လာခြင်းကြောင့် ဟောင်ကောင်ဒေသသည် ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ခရီးသွားအများဆုံးလာရောက်သည့် နေရာများတွင် အဆင့် ၁၇ တွင် ရပ်တည်နေကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)