China (HongKong)

၂၀၂၄ ခုနှစ်တွင် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှု ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိ

Last Updated:

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည့် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိသည်ဟု HKTDC ၏ ပို့ကုန်ညွှန်းကိန်းတွင် ဖော်ပြထားခဲ့ကြောင်း Hong Kong Business သတင်းဌာနမှ “Exports to grow by 4% to 6% in 2024” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဉာဏ်ရည်တုအသုံးပြုနိုင်သည့် စက်ကိရိယာများနှင့် အခြားအီလက်ထရောနစ် ထုတ်ကုန်များ ဝယ်လိုအားကြောင့် အီလက်ထရောနစ်ကိရိယာ အစိတ်အပိုင်းများတွင် ဝယ်လိုအားမြင့်တက်လာပြီး ပို့ကုန်တင်ပို့သူများအတွက် အားဖြစ်စေကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ ပို့ကုန်တွင် အီလက်ထရောနစ်ကဏ္ဍသည် ၇၀ %ပါဝင်ပါသည်။ ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှု တောက်လျှောက်ကျဆင်းနေပြီးနောက် ယခုကဲ့သို့ ပို့ကုန်တင်ပို့မှု မြင့်တက်လာမည့် အခြေအနေ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ စတုတ္ထ သုံးလပတ်တွင် အီလက်ထရောနစ်ကဏ္ဍ ပို့ကုန်တင်ပို့မှု၏ ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝှမ်း၌ စီးပွားရေးကျဆင်းမှု၊ ပထဝီနိုင်ငံရေးအရ တင်းမာမှုများနှင့် သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်မှုများ ဖြစ်ပေါ်နေခြင်းသည် ပို့ကုန်တင်ပို့သူများအနေဖြင့် ၂၀၂၄ ခုနှစ် ပို့ကုန်တင်ပို့မှုအတွက် စိုးရိမ်ပူပန်မှုဖြစ်စေသည့် အဓိကအကြောင်းရင်းများဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ပို့ကုန် တင်ပို့သူများအနေဖြင့် လာမည့်နှစ်တွင် ငွေကြေးစီးဆင်းမှု စီမံခန့်ခွဲရေးကို အာရုံစိုက် ဆောင်ရွက်ဖွယ်ရှိကြောင်းနှင့် တန်ဖိုးမြှင့် ဝန်ဆောင်မှုပေးခြင်း၊ ဈေးကွက်ဝင်ရောက်မှုနှင့် အရောင်းမြှင့်တင်ရေးဆောင်ရွက်များ တိုးမြှင့်လုပ်ဆောင်ပြီး ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)