Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု လမ်းပြမြေပုံအတွက် ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်

Last Updated:

၂၀၂၄ ခုနှစ်၌ ထိုင်းနိုင်ငံ၏ GDP ပါဝင်မှုတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များမှ ပါဝင်မှုကို ယခုနှစ်ပါဝင်မှုထက် ဘတ် ၃၀၀ ဘီလီယံတိုးတက်မှုအဖြစ် ၆.၆ ထရီလီယံသို့ ရောက်ရှိ နိုင်ရေး မြှင့်တင်နိုင်ရန်အတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု လမ်းပြမြေပုံကို ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကတိပြုပြောကြားခဲ့သည်။

ယခုနှစ် GDP တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ပါဝင်မှု ဘတ် ၆.၃ ထရီ လီယံမှ ၂၀၂၄ ခုနှစ်တွင် ဘတ် ၆.၆ ထရီလီယံသို့ ရောက်ရှိနိုင်ရေးအတွက် လမ်းပြမြေပုံဆိုင်ရာ အချက်များအပေါ် ကော်မတီခွဲများအကြား သဘောတူညီခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၂၇ ခုနှစ်တွင် GDP ၏ ၄၀ ရာခိုင်နှုန်းပါဝင်မှုအဖြစ် နောက်ထပ် ဘတ် ၅၀၀ ဘီလီယံ တိုးမြှင့်လိုပါကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ဝင်ငွေရှာဖွေပေးနိုင်ရေး မဟာဗျူဟာ ၉ ခုပါဝင်ပါကြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Napintorn Srisanpang က ပြောကြားခဲ့သည်။

ပထမဦးစွာ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမြှင့်တင်ရေးရုံးနှင့် အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာန ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဗဟုသုတနှင့် အရည်အသွေးများမြင့်တက်လာစေရေး သင်တန်းများ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယတစ်ခုမှာ Franchises များမှတစ်ဆင့် ဦးစားပေးနှင့် စွမ်းဆောင်ရည်ကို အခြေခံ၍ တစ်ဦးချင်းစီကို အလုပ်အကိုင်များ ဖန်တီးပေးရန်ဖြစ်ကြောင်း၊ တတိယမဟာဗျူဟာမှာ ဒေသထုတ်ကုန်များ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများနှင့် နိုင်ငံခြားသား အလုပ်သမားများ ၂.၅ သန်းခန့်ရှိသော One Tambon One Product  (OTOP) များကို မိတ်ဆက်ခြင်းဖြင့် နိုင်ငံတွင်းဝယ်ယူမှုကို တိုးမြှင့်သွားရန်ဖြစ်ကြောင်း၊ အဆင်ပြေသက်သာသော ထုပ်ပိုးမှုနှင့် လျင်မြန်သော ပို့ဆောင်ရေးစနစ်များဖြစ်ပြီး ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက ကြီးကြပ်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

စတုတ္ထတစ်ခုမှာ မှတ်ပုံတင်ထားသော Geographical Indicators (GI) ထုတ်ကုန်အမျိုးအစား ၂၀ ကို နိုင်ငံတွင်းသာမက ပြည်ပတွင်မှာပါ အသိအမှတ်ပြုစေရေး တိုးမြှင့်ဆောင်ရွက်သွားရန် ဖြစ် ကြောင်း၊ ပဥ္စမအချက်မှာ သီးနှံနှင့် ရေထွက်ကုန်များ၏ ဈေးနှုန်းမျှတမှုရှိစေရေး စီမံသွားရန် ဖြစ် ကြောင်း၊ ဆဌမ မဟာဗျူဟာအနေဖြင့် အဖွဲ့သည် စတိုးဆိုင်များ၏ ထိရောက်မှုကို စီမံရန်၊ အသွင် အပြင်မြှင့်တင်ရန်၊ အွန်လိုင်း‌ရောင်းဝယ်မှုကို မြှင့်တင်ရန်နှင့် မျှတသော ယှဉ်ပြိုင်မှုဖြစ်စေရန် ရောင်းအားအမှတ်ပေးသည့်စနစ် အသုံးပြုခြင်းဖြင့် ရောင်းဝယ်ဖောက်ကားမှုစနစ်ကို အဆင့်မြှင့်တင်လိုကြောင်း သိရှိရပါသည်။

သတ္တမမြောက် မဟာဗျူဟာသည် အသေးစားလုပ်ငန်းများကို ဈေးကွက်ထဲတွင် ယှဉ်ပြိုင်ရန်နှင့် ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ခွင့်ပြုခြင်းဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် အစိုးရဝယ်ယူမှု (SME-GP) ပုံစံမှတစ်ဆင့် ပြည်တွင်း အသေးစားနှင့် အလတ်စား စီးပွား‌ရေးလုပ်ငန်းများကို မြှင့်တင်လိုကြောင်း၊ အဌမအချက်မှာ e-Commerce စံနှုန်းများကို စတင်သွားရန်ဖြစ်ကြောင်းနှင့် နောက်ဆုံးမဟာဗျူဟာသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအရေအတွက် များစွာရှိသော လက်ဝတ်ရတနာနှင့် ကျောက်မျက်ကဏ္ဍကို မြှင့်တင်ခြင်းဖြင့် ထိုင်းနိုင်ငံကို ကျောက်မျက်ရတနာများ၏ အချက်အခြာဒေသဖြစ်စေရန်ဖြစ်ကြောင်း  သိရှိရပါသည်။

“Thai SMEs Power Expo” ကို မတ်လတွင် ကျင်းပရန်လျာထားခဲ့ပါကြောင်း၊ Franchises၊ အစားအစာနှင့် ဒေသထုတ်ကုန်များ ပါဝင်ပါကြောင်း၊ စီးပွားရေးချိတ်ဆက်မှု၊ ဟောပြောပွဲများနှင့် ဘဏ္ဍာငွေ ရရှိမှုအတွက် ချေးငွေချိတ်ဆက်မှုများလည်း ပါဝင်ပါကြောင်း၊ စီးပွားရေးလည်ပတ်ရန် အကြံပေးမှုများလည်း ပါဝင်ပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ဒေသ ၄ ခုသို့ မြေပြင်လေ့လာရေးများလည်း စီစဉ်ထားပါကြောင်း ဒုတိယဝန်ကြီး Mr. Napintorn က ပြောကြားခဲ့ပါသည်။    

 

 

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand