တရုတ်နိုင်ငံ၏တင်ပို့မှုကန့်သတ်မှုများကြောင့် အဓိကသွင်းအားစုများနှင့် စက်ယန္တရားများ အတွက် တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို ဖြတ်တောက်နိုင်ရန် အီလက်ထရွန်နစ်ပစ္စည်းများ၊ ဆိုလာပြားများနှင့် EV များအတွက် အရည်အသွေးမြင့်အစိတ်အပိုင်းများ အရင်းအမြစ်များ ရရှိရန် အိန္ဒိယသည် ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်လိုအပ်မည်ဖြစ် ကြောင်း ကုန်သွယ်မှုမူဝါဒလေ့လာဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Global Trade Research Initiative (GTRI) မှကြာသပတေးနေ့တွင် ပြောကြားခဲ့ပါသည်။
တရုတ်၏ ပို့ကုန်ကန့်သတ်ချက်များသည် ပိုမိုကျယ်ပြန့်သော ကုန်သွယ်ရေးစစ်ပွဲမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယင်းသည် တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်ဝင်ခွင့်ဗီဇာများ အပေါ် အိန္ဒိယ၏ ကန့်သတ်ချက်များကို တုံ့ပြန်သည့်အနေဖြင့်ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်းနှင့် အိန္ဒိယကုမ္ပဏီများသည် အီလက်ထရွန်းနစ်၊ ဆိုလာနှင့် EV ကဏ္ဍများတွင် နှောင့်နှေးမှုများနှင့် အနှောင့်အယှက်များနှင့် ရင်ဆိုင်နေရကြောင်း GTRI က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ပို့ကုန်ကန့်သတ်ချက်များသည် ပိုမိုနက်နဲသည့် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများနှင့် ကုန်သွယ်ရေးစစ်ပွဲများကို အချက်ပြနေပါကြောင်း၊ ယင်းအစီအမံများသည် အိန္ဒိယ၏ အီလက်ထရွန်းနစ်၊ ဆိုလာနှင့် EV ကဏ္ဍများကို သက်ရောက်မှုရှိသော်လည်း ၎င်းတို့သည် တရုတ်နိုင်ငံ၏ ကိုယ်ပိုင်ထုတ်လုပ်ရေးနှင့် ပို့ကုန်များအတွက်လည်း အန္တရာယ်ရှိသည့်အတွက် မကြာခင်တွင် ဖြေရှင်းဆောင်ရွက်နိုင်မည်ဟုမျှော်လင့်ကြောင်း GTRI တည်ထောင်သူ Ajay Srivastava က ပြောကြားထားသည်။
Source: Boost South Korea, Japan ties to cut reliance on China, The Economic Times, 17 January 2025.
စီးပွားရေးသံမှူး၊ နယူးဒေလီမြို့