China(Nanning)

ဖိလစ်ပိုင်နိုင်ငံမှ ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် တင်သွင်းခဲ့

Last Updated:

ဖိလစ်ပိုင်နိုင်ငံမှ တင်သွင်းလာသော ဒူးရင်းသီး(၁၈)တန်သည် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ နန်နင်းမြို့ရှိ Wuxu လေဆိပ်သို့ ၆-၄-၂၀၂၃ ရက်နေ့တွင် ပထမဆုံးရောက်ရှိလာကြောင်း သိရှိရပါသည်။

ယခုတင်ပို့မှုတွင် Davao ဒေသတွင် စိုက်ပျိုးထုတ်လုပ်သည့် ချိုမြိန်ပြီး အရသာရှိသော ပရီမီယံ Puyat အမျိုးအစား ဒူးရင်းသီးများ ပါဝင်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်သည် ထိုင်းနှင့်ဗီယက်နမ်နိုင်ငံပြီးလျှင် တရုတ်နိုင်ငံသို့ ဒူးရင်းသီး တရားဝင်တင်ပို့ခွင့်ပြုထားသော တတိယမြောက်နိုင်ငံဖြစ်ကြောင်းလည်း သိရှိရ ပါသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် ဖိလစ်ပိုင်တို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် လယ်ယာထွက်ကုန်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ ဖိလစ်ပိုင်သည် တရုတ်နိုင်ငံသို့ ငှက်ပျောသီး နှင့် နာနတ်သီးများ အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ပြီး ဖိလစ်ပိုင် စိုက်ပျိုးရေးထွက်ကုန်များအတွက် တတိယအကြီးဆုံး စျေးကွက်ဖြစ်လာကြောင်း သိရှိရပါသည်။

RCEP မူဘောင်အောက်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ ပိုမိုအားကောင်းလာခဲ့ကြောင်း သိရှိရပါသည်။

Source: http://en.gxzf.gov.cn/2023-04/12/c_876838.htm

စီးပွားရေးသံမှူး၊နန်နင်း

Category: China(Nanning)