China (HongKong)

၂၀၂၄ ခုနှစ် ပထမ ငါးလအတွင်းဟောင်ကောင်ဒေသသို့ ခရီးသွားလာရောက်မှု ၈၀ ရာခိုင်နှုန်း မြင့်တက်

Last Updated:

၂၀၂၄ ခုနှစ် ပထမငါးလအတွင်း ဟောင်ကောင်ဒေသသို့ ခရီးသွားဧည့်သည် ၁၈ သန်း လာရောက်ခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် မေလတစ်လတည်းမှာပင် ခရီးသွားလာရောက်မှု ၃.၄ သန်းရှိခဲ့ကြောင်းဟောင်ကောင်ဒေသ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် ကြေညာချက်တွင် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသို့ လာရောက်သည့် ခရီးသွားများအနက် အရေအတွက်အများဆုံးမှာ တရုတ်ပြည်မမှဖြစ်ပြီး၊ ပြီးခဲ့သည့်လအတွင်း တရုတ်ပြည်မမှလာရောက်သည့် ခရီးသွားဦးရေ ၂.၆၃ သန်းရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း၊ အခြားဒေသများမှ လာရောက်သည့် ခရီးသွားအရေအတွက်အနေဖြင့် ၄၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး စုစုပေါင်း ၇၇၀,၀၀၀ ဦးခန့် လာရောက်ခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)