China (HongKong)

ကျွမ်းကျင်လုပ်သား ခေါ်ယူမှုအတွက် အရှေ့အတောင်အာရှနှင့် ဥရောပဒေသတို့အပေါ် ဟောင်ကောင်ဒေသ ပစ်မှတ်ထား

Last Updated:

ဟောင်ကောင်ဒေသ အစိုးအရအနေဖြင့် လာမည့်နှစ်တွင် အရှေ့အတောင်အာရှနှင့် ဥရောပဒေသတို့မှ ကျွမ်းကျင်သူများကို အဓိကထားခေါ်ယူခန့်ထားသွားမည်ဖြစ်ပြီး မလေးရှားနိုင်ငံမှ ပထမဆုံးခေါ်ယူသွားမည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသအစိုးရ လူမှုဖူလုံရေးနှင့် အလုပ်သမားရေးရာဝန်ကြီး Chris Sun က ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်တွင် “Govt to focus talent recruit in Southeast Asia, Europe” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အရှေ့တောင်အာရှနိုင်ငံများမှ ဒေသခံများသည် အင်္ဂလိပ်နှင့် တရုတ်ဘာသာစကားများကို ကျွမ်းကျင်ကြပြီး၊ ဟောင်ကောင်ဒေသသို့ လာရောက်အလုပ်လုပ်ကိုင်လိုကြသည်ကို အဆိုပါဒေသသို့ ခရီးစဉ်သွားရောက်ချိန်တွင် တွေ့မြင်ခဲ့ကြောင်း၊ ထို့ပြင် အရှေ့တောင်အာရှနိုင်ငံများ၌ အရည်အချင်းရှိသူအများအပြားရှိနေပြီး ဟောင်ကောင်ဒေသအနေဖြင့် ခေါ်ယူခန့်ထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ငွေရေးကြေးရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်လုပ်သားများကို ဥရောပဒေသမှ ခေါ်ယူခန့်ထားသွားမည်ဖြစ်သည်ဟု Chris Sun က rthk သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းချိန်တွင် ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါ သည်။

ကျွမ်းကျင်သူခန့်ထားရေးအပြင် ပြုစုစောင့်ရှောက်ရေးလုပ်သားများ အရေအတွက် တိုးမြှင့်ခေါ်ယူမည့် သုံးနှစ်စီမံချက်နှင့် စပ်လျဉ်း၍လည်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အဆိုပါ စီမံချက်အရ စောင့်ရှောက်ရေးစင်တာများတွင် ခန့်ထားနိုင်ရန် ပြုစုစောင့်ရှောက်ရေးလုပ်သားများ ခေါ်ယူမှုကို ယခင်နှစ်ဇွန်လတွင် စတင်ခဲ့ကြောင်း၊ သက်ကြီးရွယ်အိုအရေအတွက်နှင့် လုပ်သား အင်အားဆုံးရှုံးမှုကဲ့သို့သော အချက်အလက်များကို ထည့်သွင်းတွက်ချက်ပါက လာမည့်သုံးနှစ်တွင် ဟောင်ကောင်ဒေသ၌ ပြုစုစောင့်ရှောက်ရေးလုပ်သားအရေအတွက်  ၈၀၀၀ ခန့် လိုအပ်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။ 

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)