China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ဒေသအချို့ အတွက် ခွာနာလျှာနာရောဂါ ကူးစက်ပျံ့နှံ့ခြင်းဆိုင်ရာ တားမြစ်အမိန့်များ ဖျက်သိမ်းကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာနတို့မှ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ဒေသအချို့အတွက် ခွာနာလျှာနာရောဂါ ကူးစက်ပျံ့နှံ့ခြင်း ဆိုင်ရာ တားမြစ်အမိန့်များကို ဖျက်သိမ်းကြောင်း ၁၄-၇-၂၀၂၃ ရက်က အမိန့်ကြော်ငြာစာအမှတ်စဉ်(၉၁)၊ ၂၀၂၃ ခုနှစ်ဖြင့် ထုတ်ပြန်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ Website တွင် ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါသည်။

အဆိုပါ ထုတ်ပြန်ကြေညာချက်၌ ဘေးအန္တရာယ်များ လေ့လာအကဲဖြတ်ခြင်း အခြေအနေပေါ် မူတည်၍ ဤကြေညာချက်ကို ထုတ်ပြန်သည့်ရက်မှအစပြုကာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ဒေသအချို့အတွက် ခွာနာလျှာနာရောဂါကူးစက်ပျံ့နှံ့ခြင်းဆိုင်ရာ တားမြစ်မိန့်များကို ဖျက်သိမ်းမည်ဖြစ်ပါကြောင်း၊ အဆိုပါဒေသများသည် 37 geographical coordinate endpoints (လတ္တီတွဒ်နှင့်လောင်ဂျီတွဒ် ကိုဩဒီနိတ်မျဉ်းများ၊ နယ်ပယ်ခွဲခြားသတ်မှတ်ထားသည့်ဖော်ပြပါမြေပုံ)

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခွာနာလျှာနာရောဂါ ကူးစက်ပျံ့နှံ့ခြင်းဆိုင်ရာ တားမြစ်မိန့်များ ဖျက်သိမ်းသည့်ဒေသအချို့၏ နယ်ပယ်ခွဲခြားသတ်မှတ်ထားသည့် မြေပုံ

အတွင်းတည်ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်းရှိ အထက်ဖော်ပြပါ ဒေသများအတွက် ခွာနာလျှာနာရောဂါနှင့် သက်ဆိုင်သည့်တားမြစ်အမိန့်များကို ဆက်လက်ကျင့်သုံးဆောင်ရွက်မည်မဟုတ်ပါကြောင်း စသည်ဖြင့်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား အဆိုပါလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: http://www.customs.gov.cn/customs/302249/2480148/5156143/index.html?VbY7rnwef3WG=  1689829899938

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)