Thailand

ထိုင်းနိုင်ငံ၌ အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ခြင်းအပေါ် ခေတ္တထိန်းထားရန် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးက တိုက်တွန်းထား

Last Updated:

ထိုင်းနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က အစိုးရ၏ အနည်းဆုံးလုပ်ခလစာ ဘတ် ၄၀၀ အထိ တိုးမြှင့်ခြင်းကို ခေတ္တစောင့်ဆိုင်းနေသင့်ကြောင်း၊ ဝန်ကြီးချုပ်ကလည်း အစိုးရမူဝါဒများနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြခဲ့ရာတွင် လုပ်ခလစာတိုးမြှင့်‌ရေးနှင့်စပ်လျဉ်း၍ အစိုးရ၊ အလုပ်  ရှင်နှင့်အလုပ်သမား ကိုယ်စားလှယ်များအကြား သုံးပွင့်ဆိုင်ဆွေးနွေးရန်လိုအပ်ကြောင်းကို ဆွေးနွေးခဲ့ပါကြောင်း အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr. Phiphat Ratchakitprakarn က ပြောကြားခဲ့ပါ သည်။

အနည်းဆုံးလုပ်ခလစာတိုးမြှင့်မည်ဆိုပါက ငွေကြေးဖောင်းပွမှုနှင့် GDP ကိုလည်း ကြည့်ရမည်ဖြစ်ကြောင်း၊ ယခုစီးပွား‌ရေးအခြေအနေအရ လစာကို ၂ ရာခိုင်နှုန်းသာတိုးသင့်ကြောင်း၊ အနည်းဆုံး လုပ်ခလစာသည် ဗန်ကောက် တွင် ၃၅၃ ဘတ်၊ ချွန်ဘူရီတွင် ၃၅၄ ဘတ်နှင့် အခြားပြည်နယ်များတွင် ယင်းပမာဏအောက် လျော့နည်းပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများကို ကြည့်ရပါကြောင်း၊ အထူးသဖြင့် အငယ်စားနှင့် အလတ်စားလုပ်ငန်းများဖြစ်ကြောင်း၊  ယင်းတို့အနေဖြင့် လစာတိုးမြှင့်ပါက လည်ပတ်စရိတ်မြင့်မားလာနိုင်သဖြင့် အဆင်မပြေနိုင်ပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြား ပါသည်။ 

အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များပါဝင်သော သုံးပွင့်ဆိုင်ကော်မတီက လစာတိုးမြှင့်ရေးဆုံးဖြတ်မည်ဆိုပါက ငွေကြေးဖောင်းပွမှုနှင့် GDP ထည့်သွင်းစဉ်းစားရန်နှင့် အလုပ်သမားများ၏ အရည်အချင်းကိုလည်း စဉ်းစားရန်လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်း၌ လုပ်သား အင်အား စုစုပေါင်း ၄၀.၃ သန်းရှိကြောင်း၊ ၂.၇ သန်းမှာ အိမ်နီးချင်းနိုင်ငံများမှ ဖြစ်ကြောင်း၊ ၅ သန်းမှ ၆ သန်းကြားသည် ထုတ်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်ကြပါကြောင်း အသင်းချုပ် ဥက္ကဋ္ဌဖြစ်သူ Mr. Krien-gkrai Thiennukul က ပြောကြားပါသည်။

ထိုင်းနိုင်ငံအစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် နားလည်မှုစာချွန်လွှာ (Memorandum of Understanding-MoU) လက်မှတ်ရေးထိုး၍ လုပ်သားများစွာဝင်ရောက်လာစေရေး ဆောင်ရွက်စေလိုကြောင်း၊ သို့မှသာ အလုပ်သမားပြတ်တောက်မှုကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများစွာအတွက် လုပ်သား ၃၀၀,၀၀၀ ကျော် လိုအပ်နေပါကြောင်း အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Suchan Chantaranakaracha က ဖြည့်စွက်ပြောကြားပါသည်။

 

 

 

Source: www.bangkokpost. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand