China(Beijing)

ဇန်နဝါရီလမှမေလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်းရှီးပြည်နယ်တွင် ကျောက်မီးသွေး မက်ထရစ်တန် ၅၅၀ သန်းကျော်ထုတ်လုပ်ခဲ့

Last Updated:

တရုတ်နိုင်ငံ၏ ကျောက်မီးသွေးပေါကြွယ်ဝသည့် ဒေသဖြစ်သော ရှန်းရှီးပြည်နယ်၏ ယခုနှစ် ပထမငါးလအတွင်း ကျောက်မီးသွေးထုတ်လုပ်မှု မက်ထရစ်တန် ၅၅၆ သန်းကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ရောင်းလိုအားသေချာမှုရှိခြင်းပေါ်မူတည်၍ တိုးတက်ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း ဒေသအာဏာပိုင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

နိုင်ငံတွင်း ကျောက်မီးသွေးအများဆုံးထုတ်လုပ်သည့် ရှန်းရှီးပြည်နယ်၏ ဇန်နဝါရီလမှ မေလအထိ ကျောက်မီးသွေးထုတ်လုပ်မှုမှာ တရုတ်နိုင်ငံထုတ်လုပ်မှုစုစုပေါင်း၏ သုံးပုံတစ်ပုံနီးပါးရှိကြောင်း ပြည်နယ်စာရင်းအင်းဗျူရို၏ ပြောကြားချက်အရ သိရှိရပါသည်။

ယခုနှစ်အစပိုင်းကပင် ပြည်နယ်၏ သတ္တုတွင်းကဏ္ဍ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်း ဆောင်ရွက်ခြင်းနှင့်အတူ ထုတ်လုပ်မှုအသစ်များတိုးချဲ့ဆောင်ရွက်ခြင်းနှင့် ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်ရေး ကြိုးပမ်းအားထုတ်ဆောင်ရွက်ခြင်းများ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

လျှပ်စစ်မီးသုံးစွဲမှုမြင့်မားသည့် ကာလနီးကပ်လာပြီဖြစ်သောကြောင့် လက်ရှိအချိန်၌ ပြည်နယ်တွင်း  ကျောက်မီးသွေးထုတ်လုပ်သည့် လုပ်ငန်းများသို့ အလုပ်သမား ၂၃၀,၀၀၀ ခန့် နေ့စဉ်လုပ်ငန်းခွင် ဝင်ရောက်လျက်လျက်ရှိပြီး နိုင်ငံတဝှမ်းရှိဒေသများသို့ နေ့စဉ် ကျောက်မီးသွေး တင်ပို့သည့် ပမာဏ ၂ မီလီယံ တန်ခန့်ရှိကြောင်း သိရှိရပါသည်။

ပြည်နယ်အနေဖြင့် ၂၀၂၃ ခုနှစ် ကျောက်မီးသွေးထုတ်လုပ်မှုကို ၁.၃၆၅ ဘီလီယံ မက်ထရစ်တန် မျှော်မှန်းထားကြောင်းလည်း သိရှိရပါသည်။

Source: China's Shanxi produces over 550 mln tonnes of coal in Jan-May - People's Daily Online

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Category: China(Beijing)