Thailand

ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာရေး မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်က မူဝါဒပိုင်းဆိုင်ရာ ညွှန်ကြားသွားမည်ဖြစ်

Last Updated:

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Srettha Thavisin နှင့် ပြည်ပနိုင်ငံများရှိ သံရုံးများတွင် သွားရောက်တာဝန်ထမ်းဆောင်နေသော ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ စီးပွား‌ရေးသံမှူးများနှင့် ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ဝင်များပါဝင်၍ ထိုင်းနိုင်ငံ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာရေးမြှင့်တင်နိုင်ရန် မူဝါဒပိုင်းဆိုင်ရာ ညွှန်ကြားနိုင်ရေးအတွက် အစည်းအဝေးတစ်ခု ကျင်းပသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့သည်။

အဖွဲ့ ၃ ဖွဲ့ကို စုပေါင်း၍ ထိုင်းအဖွဲ့ (Thai Team) အဖြစ် ဖွဲ့စည်းမည်ဖြစ်ပြီး ကုန်သွယ်ရေးသာမက ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ထိုင်းကုန်သည်ကြီးများအသင်း၊ ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ထိုင်းဘဏ်များအသင်း၊ ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီနှင့် ဆက်စပ်အဖွဲ့အစည်းများပါဝင်သော ဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ တရုတ်တို့ တွေ့ဆုံဆွေးနွေးခဲ့မှုအရ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်၏ ပြည်နယ်များစွာနှင့် ပူးပေါင်း၍ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်ခရီးသွားလုပ်ငန်းများကို ချဲ့ထွင်သွားရန်ဖြစ်ကြောင်း၊ ပြည်နယ်အဆင့်သည် လူဦးရေ သန်း ၁၀၀ ကျော်ရှိသည့်ဈေးကွက်ဖြစ်ပါကြောင်း၊ ကမ္ဘာ့လုပ်အားမှ ကမ္ဘာ့ဈေးကွက်ဖြစ်ရန် ပြောင်းလဲနေသည့် တရုတ်၏ မူဝါဒနှင့်လည်း ကိုက်ညီပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

 

 

Source: www.bangkokpost. gov

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand