USA

ဘဏ္ဍာရေးဝန်ကြီးအပါအဝင် ထိပ်ပိုင်းစီးပွားရေးရာထူးများအတွက် ရွေးကောက်ခံသမ္မတဒေါ်နယ် ထရမ့်က ရွေးချယ်ခြင်းမပြုသေးကြောင်း သိရ

Last Updated:

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်အနေဖြင့် ၎င်း၏အစိုးရအဖွဲ့ဝင်ဝန်ကြီးအဖြစ် ဘဏ္ဍာရေးဝန်ကြီးရာထူးကို ရွေးချယ်ခြင်းမပြုလုပ်ရသေးသော်လည်း ယင်းရာထူးအတွက် လျာထားခံရသူများရှိကြောင်း သတင်းထွက်ပေါ်ခဲ့ပါသည်။ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ၎င်းနှင့်နီးစပ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင် Mr. Scott Bessent (Key Square Management ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကို တည်ထောင်သူ) သို့မဟုတ် သန်းကြွယ်သူဋ္ဌေး Mr. Cantor Fitzgerald အားရွေးချယ်နိုင်သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် တစ်ဆက်တည်းမှာပင် Fox ရုပ်သံဌာန စီးပွားရေးအစီအစဉ် တင်ဆက်သူ Mr. Larry Kudlow ကိုလည်း စီးပွားရေးမူဝါဒနှင့်ပတ်သက်သည့် အဆင့်မြင့်ရာထူးတစ်ခုကို ခန့်အပ်လိုသည်ဟုလည်း သိရှိရပါသည်။   

ထို့အပြင် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ Transition Team အဖွဲ့ဝင်များက Apollo Global Management ၏ အမှုဆောင်အရာရှိချုပ် Mr. Marc Rowan ကိုလည်း ဘဏ္ဍာရေးဝန်ကြီး ရာထူးအပါအဝင် အခြားစီးပွားရေးဆိုင်ရာ အဆင့်မြင့်ရာထူးများခန့်အပ်ရန်အတွက် တွေ့ဆုံခဲ့ကြောင်းလည်း သိရှိရပါသည်။ 

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ ၎င်း၏အစိုးရအဖွဲ့ဝင်ပါဝင်လာမည့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ အမေရိကန်ကုန်သွယ်မှုကိုယ်စားလှယ်တို့မှာ နိုင်ငံတကာကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒများအတွက် အရေးကြီးရာ ဒေါ်နယ်ထရမ့်အနေဖြင့် ၎င်းနှင့် ရင်းနှီးသူ၊ ၎င်း၏မူဝါဒကိုအကောင်အထည်ဖော်ဆောင်နိုင်မည့်သူကို သေချာစွာရွေးချယ်လျက်ရှိသည် ဟုသုံးသပ်ရပါသည်။ ထို့အပြင် ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ်သမ္မတသက်တမ်းတွင် ကုန်သွယ်ရေးအဟန့်အတားများချမှတ်၍ ဆောင်ရွက်လာပါက ကုန်သွယ်ရေးကဏ္ဍအပါအဝင် ယင်းနှင့်ဆက်စပ်သည့် ငွေကြေးဖောင်းပွမှုအပါအဝင် ငွေကြေးကဏ္ဍနှင့် အလုပ်အကိုင်ခန့်ထားမှု ကဏ္ဍတို့ကိုပါ ထိခိုက်လာနိုင်ကြောင်း သုံးသပ်ရပါသည်။      

စီးပွားရေးသံမှူး၊ဝါရှင်တန်ဒီစီ

Category: USA