China(Beijing)

၂၀၂၃ ခုနှစ် ပထမ(၇)လအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာ ထုတ်လုပ်မှုကဏ္ဍ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၂၅.၃ ရာခိုင်နှုန်းရှိခဲ့

Last Updated:

တရုတ်နိုင်ငံပြည်မကြီးတွင် ၂၀၂၃ ခုနှစ် ပထမ (၇) လအတွင်း အဆင့်မြင့်နည်းပညာပိုင်း ဆိုင်ရာထုတ်လုပ်မှုကဏ္ဍ၌ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ယခင်နှစ်ကာလတူထက် ၂၅.၃ ရာခိုင်နှုန်းချဲ့ထွင်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါကာလအတွင်း အဆင့်မြင့်နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှာ ၃.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ဇန်နဝါရီလမှ ဇူလိုင်လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်သည့် စုစုပေါင်း တန်ဖိုးမှာ  ယွမ် ၇၆၆.၇၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၆.၄၈ ဘီလီယံ) ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ပထမ (၇) လအတွင်း ပြင်သစ်၊ ယူနိုက်တက်ကင်းဒမ်း၊ ကနေဒါနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုများသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂၁၃.၇ ရာခိုင်နှုန်း၊ ၁၅၉.၉ ရာခိုင်နှုန်း၊ ၁၁၃.၃ ရာခိုင်နှုန်းနှင့် ၆၁.၂ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီသစ် စုစုပေါင်း ၂၈,၄၀၆ တည်ထောင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ၃၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါ သည်။

 

 

Source: China's FDI inflow in high-tech manufacturing up 25.3 pct in first seven months - People's Daily Online

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)

Category: China(Beijing)