China(Beijing)

တရုတ်နိုင်ငံရှိ စတော့အိတ်ချိန်းများ၌ အရောင်းအဝယ်ပြုလုပ်ရာတွင် ပေးချေရသည့် အခကြေးငွေ များကို ဩဂုတ်လ ၂၈ ရက် မှစတင် လျော့ချသွားမည်

Last Updated:

တရုတ်နိုင်ငံ၏ စတော့အိတ်ချိန်းများဖြစ်သည့် ရှန်ဟိုင်း၊ ရှန်းကျန်းနှင့် ပေကျင်းတို့တွင် ဈေးကွက်လှုပ်ရှားသက်ဝင်စေရန် ရည်ရွယ်၍ ဩဂုတ်လ ၂၈ ရက်မှ စတင်ကာ စတော့ရှယ်ယာ အရောင်းအဝယ်ပြုလုပ်ရာတွင် ပေးချေရသည့် အခကြေးငွေများကို လျော့ချသွားမည်ဖြစ်ကြောင်း စောင့်ကြည့်လေ့လာသူများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရှန်ဟိုင်းနှင့် ရှန်းကျန်းစတော့အိတ်ချိန်းများတွင် အေရှယ်ယာနှင့် ဘီရှယ်ယာဆိုင်ရာ ငွေချေးသက်သေခံလက်မှတ်များ အရောင်းအဝယ် ပြုလုပ်ခြင်းအတွက် ၃၀ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၀.၀၀၄၈၇ ရာခိုင်နှုန်းမှ ၀.၀၀၃၄၂ ရာခိုင်နှုန်းသို့ သိသာစွာလျော့ချမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ငွေချေးသက်သေခံ လက်မှတ်ဆိုင်ရာ စည်းမျဉ်းကော်မရှင်၏ အဆိုအရ သိရှိရပါသည်။

ပေကျင်း စတော့အိတ်ချိန်းအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အဆိုပါ အခကြေးငွေများကို ၅၀ ရာခိုင်နှုန်းလျော့ချခဲ့ပြီးနောက် ထပ်မံ၍ ၅၀ ရာခိုင်နှုန်း(၀.၀၂၅ ရာခိုင်နှုန်းမှ ၀.၀၁၂၅) ရာခိုင်နှုန်းသို့ လျော့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စောင့်ကြည့်လေ့လာသူများက brokerage commission မှ တွန်းအားပေးဆောင်ရွက်သည့် အစီအစဉ်အနေဖြင့် ရင်းနှီးမြှုပ်နှံသူများ အရောင်းအဝယ်ပြုလုပ်ရာတွင် ကုန်ကျစရိတ်များ လျော့ချစေရန်ရည်ရွယ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: China's bourses to lower stock transaction fees from Aug. 28 - People's Daily Online

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)

Category: China(Beijing)