Thailand

ထိုင်းနိုင်ငံ၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ကြွေးမြီပေးဆပ်မှု ဆိုင်းငံ့ပေးရန် ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန အစီအစဉ်ရှိနေ

Last Updated:

ထိုင်းဘဏ်၏ ကုဒ်နံပါတ် ၂၁ အရ ထိုင်းနိုင်ငံ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ကြွေးမြီပေးဆပ်မှုကို ၁ နှစ် ဆိုင်းငံ့ပေးရန် အစီအစဉ်ရှိကြောင်း၊ အဆိုပါ ကုဒ်အရ ပုံမှန် မဟုတ်သော အခြေအနေများကြောင့် ဖြစ်ပေါ်လာသော ကြွေးမြီများကို ရက် ၉၀ ထက် ပိုမို၍ ရွှေ့ဆိုင်းနိုင်ကြောင်း၊ သာမန်အချိန်စေ့လွန်ကြွေးကျန်နှင့် မတူကွဲပြားပါကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Julapun Amornvivat က ပြောကြားခဲ့ပါသည်။

အဆိုပါ အုပ်စုများသည် မကောင်းသောမှတ်တမ်း မရှိရန်နှင့် ပုံမှန်ပေးချေနေသူများဖြစ်ရန် လိုအပ်ကြောင်း၊ အုပ်စုအရေအတွက် ၃ သန်းရှိပြီး ဘတ် ၃၀၀ ဘီလီယံခန့် ကြွေးမြီရှိနေကြောင်း၊ ကြွေးမြီဆိုင်းငံ့ခြင်းအစီအစဉ်သည် နိုင်ငံတော်ဘဏ္ဍာရေးအဖွဲ့အစည်းများသို့ အတိုးပေးချေမှုအရ အစိုးရမှ ဆောင်ရွက်ပေးသော ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် ကျန်ရှိနေသော ချေးငွေကန့်သတ်ချက်ကို ထည့်သွင်းစဉ်းစားမည်ဖြစ်ပါကြောင်း အစီအစဉ်၏ သတ်မှတ်ချက်များအား ရှင်းလင်းခဲ့ပါသည်။

 အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ကြွေးမြီများသည် ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် စီးပွားရေးဘဏ်တို့မှ ဖြစ်သဖြင့် တောင်သူများ ကြွေးမြီဆိုင်းငံ့ခြင်းထက် ပိုမိုစဉ်းစားရန် လိုအပ်ကြောင်း၊ အစိုးရစုငွေဘဏ်တွင် ကုဒ် ၂၁ အရ ငွေချေးထားသည့် အငယ်စားနှင့် အလတ်စားလုပ်ငန်းရှင်များစွာရှိကြောင်း၊ သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်၍ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်များ၏ ကြွေးမြီဆိုင်းငံ့ခြင်း လုပ်ငန်းအဖွဲ့ဖွဲ့စည်းရန် ဝန်ကြီးချုပ်က ညွှန်ကြားထားပါကြောင်း၊ ဘဏ္ဍာရေးဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားပါသည်။

တောင်သူလယ်သမားများအတွက် ၃ နှစ် ကြွေးမြီဆိုင်းငံ့ခြင်း စီမံကိန်းနှင့် အငယ်စားနှင့်အလတ် စားစီးပွားရေးလုပ်ငန်းများအတွက် ဆောင်ရွက်မည့်အစီအစဉ်သည် မတူညီပါကြောင်း၊ တောင်သူလယ်သမားများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ဝင်ငွေတိုးပွားရန်အတွက် စိုက်ပျိုးရေးနှင့် သမဝါယမဘဏ်မှ ချေးငွေထပ်မံရယူနိုင်ပါကြောင်း၊ ပို့ကုန်တိုးမြှင့်နိုင်ရေး အခြားသောနိုင်ငံများနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်များ ဆွေးနွေးခြင်း၊ တောင်သူလယ်သမားများကို ချေးငွေထပ်မံထုတ်ပေးရန် ဘဏ္ဍာရေးအဖွဲ့အစည်းများကို ညွှန်ကြားခြင်းနှင့် ဒီဂျစ်တယ်မူဝါဒများကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်နိုင်ပါကြောင်း Mr. Julapun Amornvivat ဖြည့်စွက်ရှင်းလင်းပါသည်။

 

 

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand