Thailand

ထိုင်းနိုင်ငံ၊ ခရီးသွားလာရေးဦးစီးဌာနက နိုင်ငံခြားသားခရီးသွားအချို့အတွက် ဗီဇာကင်းလွတ်ခွင့်ပေး ခြင်းအပေါ် စိတ်ပူပန်မှုရှိနေ

Last Updated:

တရုတ်ခရီးသွားများအား ဗီဇာကင်းလွတ်ခွင့်ပေးလိုက်ခြင်းကြောင့် လိုင်စင်ရှိသော ခရီးသွားကုမ္ပဏီ ဟုတ်မဟုတ် တာဝန်ရှိသူများက စိစစ်ရန် အဆင်ပြေမှုမရှိနိုင်ပါကြောင်း၊ ယင်းကြောင့် တရားမဝင် ဧည့်လမ်းညွှန်နှင့် “Zero-dollar” ခရီးသွားမှု ဖြစ်ပေါ်လာနိုင်သည်ကို ဦးစီးဌာနအနေဖြင့် စိုးရိမ်မှုရှိပါကြောင်း၊ ဦးစီးဌာနအနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများနှင့်စပ်လျဉ်း၍ ဝန်ကြီးကို အစီရင်တင်ပြထားပြီးဖြစ်ပါကြောင်း ခရီးသွားလာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Jaturon Phakdee-wanit က ပြောကြားခဲ့ပါသည်။

ခရီးသွားလာရေးဦးစီးဌာန၊ ကောင်စစ်ဌာနနှင့် ထိုင်းခရီးသွားလာရေးအာဏာပိုင်တို့အကြား ခရီးသွားအချက်အလက်များဆိုင်ရာ စနစ်တစ်ခုတည်ထောင်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါ စာချွန်လွှာအရ တရားဝင် ပြည်တွင်း ခရီးသွားကုမ္ပဏီများ စာရင်းနှင့် ခရီးစဉ်များ အပါအဝင် အမှာစာများသည် စနစ်ထဲတွင် ရှိနေသောကြောင့် တရုတ်ခရီးသွား အုပ်စုများ အတွက် ဗီဇာများကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးနိုင်ပါကြောင်း ဖြည့်စွက်ရှင်းလင်းခဲ့ပါသည်။

ပြည်တွင်းကုမ္ပဏီများနှင့် တရုတ်ပြည်ပခရီးသွားကုမ္ပဏီများ စာရင်းသည် ဦးစီးဌာနတွင် ရှိနေသော်လည်း ဗီဇာကင်းလွတ်ခွင့်ကာလအတွင်း ယင်းစနစ်ကို ခေတ္တရပ်နားထားမည်ဖြစ်သည်။ လုံခြုံရေးအရ ဦးစီးဌာနနှင့် ပြည်နယ်ခရီးသွားလာရေးနှင့် အားကစားရုံးတို့ပူးပေါင်း၍ တရားဝင်ခရီးသွားကုမ္ပဏီ၊ တရားဝင်ဧည့်လမ်းညွှန်နှင့် အမှာစာတွင်ပါရှိသော အစီအစဉ် ဟုတ်မဟုတ်၊ ခရီးသွားအုပ်စုများကို လျှပ်တစ်ပြတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့ပါသည်။

ထိုင်းလူမျိုးသာလျှင် ဧည့်လမ်းညွှန်အဖြစ် ဆောင်ရွက်နိုင်ပါကြောင်း၊ စိစစ်တွေ့ရှိပါက လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူသွားမည် ဖြစ်ပါကြောင်း၊ အစိုးရသစ်၏ ရက် ၁၀၀ ကာလအတွင်း ခရီးသွားလာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံး၊ ခရီးသွားလာရေးဆိုင်ရာ ရဲဝန်ထမ်း၊ စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုတို့အကြား ဆန်ခါတင်ခရီးသွားလုပ်ငန်းများကို ဖယ်ရှားသွားရန် နားလည်မှု စာချွန်လွှာလက်မှတ်ရေး ထိုးသွားမည်ဖြစ်ကြောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် ခရီးသွားလုပ်ငန်းများ၏ ဝင်ငွေများသည် ထိုင်းပိုင်ရှင်များအစား နိုင်ငံခြားသားများထံသို့ ငွေကြေး စီးဆင်းမှု ရှိမရှိ စိစစ်ရန် အခွင့်အာဏာရှိပါကြောင်း သိရှိရပါသည်။

 

 

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

 

Category: Thailand