China(Nanning)

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ ပီလောပီနံကို အမေရိကန်ဒေါ်လာ သန်း (၄၀၀)ဖိုးခန့် ဝယ်ယူခဲ့ကြောင်း

Last Updated:

ယခုနှစ်ပထမလေးလအတွင်း တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ ပီလောပီနံတန်ချိန် (၁)သန်းကျော် တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ(၃၉၇)သန်းကျော်ကို ဝယ်ယူခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ ပီလောပီနံကို တင်သွင်းမှုအများဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်း ဗီယက်နမ်အထွေထွေအကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သောစာရင်းများအရသိရှိရပါသည်။

ဗီယက်နမ်နိုင်ငံသည် ဧပြီလတစ်လတည်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပီလောပီနံနှင့် ပီလောပီနံအခြေခံထွက်ကုန် (၁၈၉,၈၂၀)တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၇၆.၀၃)သန်းကို တင်ပို့ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလနှင့် နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် (၁၉.၅)ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် (၂၇.၄)ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်းသိရှိရပါသည်။ ပီလောပီနံနှင့် ပီလောပီနံ အခြေခံထွက်ကုန်များ၏ပျမ်းမျှဈေးသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၄၀၀.၆)ရှိပြီး မတ်လနှင့်နှိုင်းယှဉ်ပါက (၄.၆)ရာခိုင်နှုန်းတိုးလာသော်လည်း ယခင်နှစ်ကာလတူထက် (၉.၉)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

ယခုနှစ်ပထမလေးလတွင် ဂျပန်နိုင်ငံသို့ ပီလောပီနံတန်ချိန် (၂၂၈ဝ)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၁.၁၆) သန်းကို တိုးမြှင့်တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန်အားဖြင့် (၃၃၅၇) ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် (၁၇၄၂)ရာခိုင်နှုန်း ရုတ်ချည်းမြင့်တက်လာကြောင်းသိရှိရပါသည်။

ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပို့ကုန်သွင်းကုန်ဌာနမှ အသေးစိတ်ဖော်ပြချက်အရ ရုရှား-ယူကရိန်းပဋိပက္ခကြောင့် ပြောင်းနှင့်ဂျုံ၏ ရောင်းလိုအားနှင့်ဈေးနှုန်းကို ကြီးမားစွာသက်ရောက်မှုရှိကြောင်းသိရှိရပါသည်။

အသိသာဆုံးမှာ ဖွံ့ဖြိုးပြီးနိုင်ငံများသည် အီသနောမှ သန့်ရှင်းသောစွမ်းအင်ကို ပြောင်းလဲအသုံးပြုလာကြပြီး ယင်းတို့အနက် ပီလောပီနံသည် ဓာတ်ဖန်တီးရာတွင်အသုံးပြုသည့် အရေးကြီးကုန်ကြမ်းများထဲမှတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ဈေးကွက်တွင် ပီလောပီနံဝယ်လိုအားသည် ရှေ့သို့ဆက်လက်တိုးလာရန် မျှော်မှန်းထားကြောင်းသိရှိရပါသည်။

လက်ရှိတွင် တရုတ်နှင့်ကိုရီးယားဈေးကွက်သို့ ပီလောပီနံခြောက်(အပြား)တင်ပို့သည့် ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၅)နှင့် (၃၅၅)ခန့် အသီးသီးရှိနေကြောင်း သိရှိရပါသည်။

Source: www.dtinews.vn/en/news/017002/83950/china-spends-nearly-us-400-million-purchasing-cassava-from-vietnam.html   

စီးပွားရေးသံမှူး၊ နန်နင်း

Category: China(Nanning)