Thailand

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်တိုးမြှင့်စေရေးအတွက် နှစ်နိုင်ငံ ဝန်ကြီးချုပ်တို့က သဘောတူခဲ့

Last Updated:

နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားအပါအဝင် အလားအလာရှိသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Srettha Thavisin နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Mr. Anwar Ibrahim တို့က သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။

ဆုန်ခလာရှိ Sadao အကောက်ခွန်စစ်ဆေးရေးဂိတ်အသစ်သို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံခဲ့ကြောင်း၊ အောက်တိုဘာလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ခရီးစဉ်၏ နောက်ဆက်တွဲဖြစ်ကြောင်း၊ နယ်စပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်လိုကြကြောင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့် အဆိုပြုလွှာများကို အဆိုပြုတင်ပြခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က လက်ရှိပြဿနာများကို ဆွေးနွေးနိုင်ရန် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဆင့် ပူးတွဲကုန်သွယ်ရေးကော်မရှင် အစည်း အဝေးကို မလေးရှားနိုင်ငံ၌ ကျင်းပရန်တောင်းဆိုခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က နယ်စပ်ဖြတ်ကျော် ကုန်စည်စီးဆင်းမှုနှင့် စပ်လျဉ်း၍ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်ရန် မလေးရှားကို တိုက်တွန်းခဲ့ပါကြောင်း၊ နှစ်နိုင်ငံကုန်သည်ကြီးများအသင်း အချင်းချင်း ပူးတွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုပမာဏ၊ ခရီးသွားနှင့် နယ်စပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးခဲ့ကြောင်း သိရှိရပါသည်။

ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် Sadao စစ်ဆေးရေးဂိတ်တွင် မလေးရှားခရီးသွားများအား လူဝင်မှုကြီးကြပ်ရေးက ဖောင် TM 6 တောင်းခံခြင်းကို နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ ယာယီကင်းလွတ်ခွင့် ပေးထားပါကြောင်း၊ စိုက်ပျိုးရေးနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးအောက်တွင် ထိုင်းနိုင်ငံ၏ ဟာလာအစားအစာကို မြှင့်တင်နိုင်ရေးအတွက် ဦးစီးဌာနတစ်ခုဖွဲ့စည်းရန် စီစဉ်ထားပါကြောင်း၊ နယ်စပ်ကိုဖြတ်ကျော်၍ တောရိုင်းတိရစ္ဆာန်များ မှောင်ခိုတင်သွင်းမှုကို တိုက်ဖျက်မည့် စာချုပ်မူကြမ်းအပေါ် လာမည့်နှစ် ဖေဖော်ဝါရီလတွင် ပြန်လည်သုံးသပ်သွားမည်ဖြစ်ပါသည်။

ကုန်စည်စီးဆင်းမှုနှင့် စပ်လျဉ်း၍ Sadao စစ်ဆေးရေးဂိတ်နှင့် Bukit Kayu Hitam စစ်ဆေးဂိတ်တို့အကြား လမ်းစီမံကိန်း၊ Narathiwat ၏ Sungai Kolok မှ Kelantan၏ Rantau Panjang အထိ တံတားစီမံကိန်းများအပေါ် နှစ်ဖက်သဘောတူညီပြီးဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုကို အမေရိကန်ဒေါ်လာ ၃၀ သန်း (ဘတ် ၁ ဘီလီယံ) တိုးမြှင့်နိုင်ရေး သဘောတူညီထားကြောင်းကို ဝန်ကြီးချုပ်က X (ယခင် Twitter) တွင် ဖော်ပြရေးသားခဲ့ကြောင်း၊ အလုံးစုံဝန်ဆောင်မှု (One Stop Service CIQ) ကို Sadao တွင် အသုံးပြုခြင်းသည် အစဖြစ်ပြီး လမ်းနှင့်တံတား စီမံကိန်းများပြီးစီးပါက ကုန်သွယ်မှုနှင့် ခရီးသွားမြင့်တက်လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။

၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စစ်ဆေးရေးဂိတ်မှ ဘတ် ၇.၆၉ ဘတ် ဝင်ငွေရရှိခဲ့ပြီး ကုန်သွယ်မှုပမာဏ ဘတ် ၄၂၈.၉ ဘီလီယံရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ယခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ လူများဖြတ်သန်းသွားလာမှုမှာ ကုန်တင်ကား ၆၅၆,၄၀၁ စီးဖြင့် ၅,၃၅၈,၂၇၀ ဦးရှိခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: www.bangkokpost. gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand