Thailand

၂၀၂၃ ခုနှစ်အတွက် ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုနှုန်းအား သုတေသနပညာရှင်များက လျော့နည်းခန့်မှန်း

Last Updated:

ဒီဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallet) မူဝါဒ၏ သက်ရောက်မှု အပါအဝင် မသေချာမှုများစွာကြောင့် ၂၀၂၃ ခုနှစ်အတွင်းထိုင်းနိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ခန့်မှန်းထားသည်ထက် လျော့နည်းနေသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လျော့နည်းနိုင်ကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားပါသည်။

မလေးရှားအခြေစိုက် MayBank Securities က အစိုးရ၏ အခြေခံအဆောက်အအုံကဏ္ဍတွင် သုံးစွဲမှုနှောင့်နှေးနေခဲ့ပြီး အားပျော့သည့် လက္ခဏာများကြောင့် ယခင်ခန့်မှန်းချက် ၂.၉ ရာခိုင်နှုန်းမှ ၂.၃ ရာခိုင်နှုန်းသို့လည်းကောင်း၊ Fitch Solution Company ဖြစ်သည့် BMI ကလည်း ၎င်း၏ခန့်မှန်းချက်ကို ၂.၈ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး လျော့နည်းခန့်မှန်းခဲ့ကြပါသည်။

ထိုင်းနိုင်ငံ စီးပွားရေး၏ ကြံ့ခိုင်လာမှုအပေါ် ၎င်းတို့အနေဖြင့် ပိုသာခန့်မှန်းခဲ့ကြခြင်းဖြစ်ကြောင်း၊ လာမည့်နှစ်အတွက် ခန့်မှန်းချက်သည် ၃.၈ ရာခိုင်နှုန်းဖြစ်ကြောင်း လန်ဒန်အခြေစိုက် သုတေသနကုမ္ပဏီတစ်ခုက ပြောကြားခဲ့ပါသည်။

စီးပွားရေးဆောင်ရွက်နိုင်မှု နှေးကွေးသွားရခြင်းမှာ တိုးတက်မှုအတွက် ဆောင်ရွက်ရန်များစွာ ကျန်နေသေးသည့် သဘောဖြစ်ပါကြောင်း၊ လာမည့်နှစ်အတွက် ထိုင်းဘဏ်၏ ခန့်မှန်းမှု ၄.၄ ရာခိုင်နှုန်းနှင့် အစိုးရ၏ခန့်မှန်းချက် ၅ ရာခိုင်နှုန်းမှာ ကောင်းမွန်နေဆဲဖြစ်ကြောင်း၊ တရားဝင် ထုတ်ပြန်ထားချက်များအရ တတိယ ၃ လပတ်အတွက် GDP အမှန်တိုးတက်မှုနှုန်းသည် ၁.၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း စီးပွားရေးသည် ၁.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့တိုးတက်မှုသည် ခန့်မှန်းထားသည့်အတိုင်း ၂.၁ ရာခိုင်နှုန်းဖြစ်ပါက ထိုင်းပို့ကုန်ကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ကန့်သတ်ချက်များနှင့် စိန်ခေါ်မှုများရှိနေသည်ကို ဖော်ပြပါကြောင်း BMI က မှတ်ချက်ပြုခဲ့သည်။

တတိယ ၃ လပတ်၏ GDP သည် ထုတ်လုပ်မှုကဏ္ဍ ကျဆင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ လူထုစားသုံးမှုသည် ၈.၁ ရာခိုင်နှုန်းတွင် လှုပ်ရှားနေပါကြောင်း၊ အစိုးရရင်းနှီးမြှုပ်နှံမှုတွင် (-) ၂.၆ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွင် ၃.၁ ရာခိုင်နှုန်း အသီးသီး တိုးတက်မှု လျော့ရဲနေခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်သူစားသုံးမှု ၄.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ မီးချောင်းစက်ရုံ၊ ကုန်ကြမ်းများနှင့် နည်းပညာကဏ္ဍများနှင့် သက်ဆိုင်သည့် ထုတ်လုပ်မှုကဏ္ဍသည် (-) ၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ဒီဂျစ်တယ်ပိုက်ဆံအိတ်အတွက် အစိုးရက ဘတ် ၅၀၀ ဘီလီယံ ချေးယူရာတွင် ဥပဒေကိစ္စရပ်များရှိနေပြီး မသေချာမှုများလည်းရှိကြောင်း၊ ဒီဂျစ်တယ်ပိုက်ဆံအိတ်ကို ထည့်သွင်းမစဉ်းစားပါက GDP တိုးတက်မှုနှုန်းကို ၃.၆ ရာခိုင်နှုန်း ခန့်မှန်းထားကြောင်း Maybank က ပြောကြားခဲ့သည်။

 

 

Source: www.bangkokpost. gov၊

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand