Thailand

ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်နှင့် စပ်လျဉ်း၍ အပြီးသတ်ဆွေးနွေးမှုကို နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဆောင်ရွက်သွားမည်ဖြစ်

Last Updated:

ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့အကြား နှစ်နိုင်ငံလွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်နှင့်စပ်လျဉ်း၍ ယခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်ညှိနှိုင်းသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးညှိနှိုင်းမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Ms. Chotima Iemsawasdikul က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ တာဝန်ရှိသူများက ညှိနှိုင်းမှု၏အဌမအကြိမ်မြောက်အဖြစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၇-၂၉ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် တွေ့ဆုံသွားမည်ဖြစ်ပါကြောင်း၊ ညှိနှိုင်းမှုသည် အပြီးသတ်တော့မည်ဖြစ်ပြီး နောက်တစ်ကြိမ် ဆွေးနွေးမှုကို ဒီဇင်ဘာလအတွင်းတွင် သီရိလင်္ကာနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အပြီးသတ်ဆွေးနွေးမှုကိုလည်း ဇန်နဝါရီလ၌ သီရိလင်္ကာနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ သီရိလင်္ကာနိုင်ငံ လွတ်လပ်ရေးနေ့တွင် သီရိလင်္ကာနိုင်ငံ၌ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် လူဦးရေသန်း ၂၀ သာရှိပြီး သေးငယ်သောနိုင်ငံဖြစ်သော်လည်း အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ပထဝီအနေအထားအရ ရေကြောင်းပို့ဆောင်ရေး အချက်အခြာဖြစ်ပါကြောင်း၊ အဖိုးတန်သတ္တုများနှင့် ပင်လယ်စာကဲ့သို့သော သဘာဝရင်းမြစ်များ ပေါကြွယ်ဝပါကြောင်း၊ နှစ်နိုင်ငံ FTA သည် ထိုင်းနိုင်ငံ၏ စီးပွားရေးကို အမေရိကန်ဒေါ်လာ သန်း ၈၀ နှင့် ကိုက်ညီသော ၀.၀၂ ရာခိုင်နှုန်း တိုးတက်စေမည်ဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပို့ကုန်များကိုလည်း ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း၊ မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ သတ္တုများ၊ သကြားနှင့် ပလပ်စတစ်စသည်တို့ဖြစ်ကြောင်း၊ ပြုပြင်ပြီး အစားအသောက်၊ အဖျော်ယမကာ၊ ချည်ထည်၊ အထည်ချုပ်နှင့် လက်ဝတ်ရတနာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများဖြစ်ကြောင်း Ms. Chotima ဖြည့်စွက်ပြောကြားပါသည်။

 ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ ပို့ကုန် အမေရိကန်ဒေါ်လာ ၂၇၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၈၆.၉ သန်း ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၃၅၈ သန်း ဖြစ်ပါကြောင်း၊ ယခုနှစ် ပထမ ၉ လအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၈၅ သန်းဖြစ်ကြောင်း၊ နှစ်နိုင်ငံ FTA တည်ထောင်ရေးအတွက် ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပါကြောင်း၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှုအတွက် ရည်ရွယ်သည့်စာလွှာ (Letter of Intent-LoI) ကို လက်မှတ်ရေးထိုးခဲ့ပြီး ခရီးသွားလုပ်ငန်းအတွက် ပူးပေါင်းအစီအစဉ်များ ဆောင်ရွက်ခဲ့ပါကြောင်း၊ FTA ညှိနှိုင်းမှုမူဘောင်ကို ၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့တွင် အစိုးရအဖွဲ့က ခွင့်ပြုခဲ့ပြီး ကုန်စည်၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတို့ အကျုံးဝင်ပါကြောင်း Ms. Chotima က ဆက်လက်ပြောကြားခဲ့သည်။

 

 

Source: www.bangkokpost. gov၊

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand