China (HongKong)

လာမည့် ၂၀၂၄ ခုနှစ်တွင် လေကြောင်းသွားလာမှု အပြည့်အဝပြန်လည်ဦးမော့လာမည်ဟု ဟောင်ကောင်ဒေသ ဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသည်လာရောက်မှုနှင့် ကုန်တင်လေယာဉ်များ ဝင်ရောက်သွားလာမှုသည် ကိုဗစ်-၁၉ မတိုင်မီကာလအခြေအနေသို့ တဖြည်းဖြည်း ရောက်ရှိလာနေပြီဖြစ်သောကြောင့် ၂၀၂၄ ခုနှစ်တွင် လေကြောင်းသွားလာမှု အပြည့်အဝ ပြန်လည်ဦးမော့လာမည်ဖြစ်သည်ဟု ဟောင်ကောင်ဒေသဘဏ္ဍာရေးဝန်ကြီး Paul Chan က ပြောကြားခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် South China Morning Post သတင်းစာတွင် “Air Traffic set for full recovery next year” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဝင်ထွက်သွားလာမှုပမာဏ လျင်လျင်မြန်မြန်တိုးတက်လာပြီး ယခုနှစ်အတွင်း ကိုဗစ်-၁၉ မတိုင်မီကာလ အခြေ အနေ၏ ၈၀ ရာခိုင်နှုန်းသို့ရောက်ရှိလာကာ လာမည့်နှစ်တွင် အပြည့်အဝ ပြန်လည်ဦးမော့လာရန် ခန့်မှန်းသည်ဟု Chan က Asian Logistics, Maritime and Aviation Conference တွင် ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

စက်တင်ဘာလအတွင်း ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသည် ၃.၃ သန်းနှင့် လေကြောင်းခရီးစဉ် ၂၄,၁၉၀ လာရောက်ခဲ့ကြောင်း ဟောင်ကောင် လေဆိပ်အာဏာပိုင်အဖွဲ့၏ စာရင်းဇယားများတွင် ဖော်ပြထားပါသည်။ ခရီးသွားလာရောက်မှု ပမာဏသည် ယခင်နှစ် အလားတူကာလထက် ၅ ဆတိုးတက်လာပြီး၊ လေကြောင်းခရီးစဉ်အနေဖြင့် နှစ်ဆတိုးလာကြောင်း၊ ကုန်ပစ္စည်းဖြတ်သန်းသယ်ဆောင်မှုမှာလည်း ၃၇၅,၀၀၀ တန်ဖြင့် ယခင်နှစ် အလားတူကာလထက် ၁၀ ရာခိုင်နှုန်းတိုးလာကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)