China (HongKong)

ဟောင်ကောင်ဒေသ၏ ၂၀၂၃ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်းရှိ အလုပ်လက်မဲ့ စာရင်းဇယားထုတ်ပြန်

Last Updated:

ဇူလိုင်လမှစက်တင်ဘာလအတွင်း ၂.၈ ရာခိုင်နှုန်းရှိခဲ့သည့် ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းသည် ၂၀၂၃ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း ၂.၉ ရာခိုင်နှုန်းသို့ မြင့်တက်သွားခဲ့ပြီး၊ အလုပ်လက်မဲ့ဦးရေ ၁၈၀၀ခန့် တိုးလာခဲ့ကြောင်းနှင့် အချိန်ပိုင်းနှင့် ရရာအလုပ်လုပ်ကိုင်မှု (underemployment) နှုန်းမှာ ၁.၀ ရာခိုင်းနှုန်တွင်သာ ဆက်လက်ရပ်တည်လျက်ရှိသော်လည်း၊ အရေအတွက်အားဖြင့် ၁၂၀၀ လျော့ကျခဲ့ကြောင်း သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ထုတ်ပြန်သည့် စာရင်းဇယားများတွင် ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း လုပ်ငန်းကဏ္ဍအလိုက် အလုပ်လက်မဲ့နှုန်းထား ပြောင်းလဲမှုအနေဖြင့်  ကုန်ထုတ်လုပ်ငန်းကဏ္ဍ၊ ပို့ကုန်တင်ပို့မှုကဏ္ဍနှင့် လက်ကားရောင်းချမှုတို့တွင် အလုပ်လက်မဲ့နှုန်း သိသိသာသာ မြင့်တက်လာပြီး၊ underemployment နှုန်း ပြောင်းလဲမှုမှာ ကဏ္ဍအလိုက်ကွဲပြားသော်လည်း ပမာဏအရ ယခင်ကာလနှင့် သိသိသာသာ ကွာဟမှုမရှိကြောင်း ဖော်ပြထားပါသည်။

အလုပ်အကိုင်ရရှိမှုအနေဖြင့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ၃,၇၁၃,၄၀၀ ဦး ရှိခဲ့ရာမှ ဩဂုတ်လမှအောက်တိုဘာလအတွင်း ၆,၉၀၀ ဦး ကျဆင်းခဲ့ပြီး ၃,၇၂၀,၃၀၀ သို့ ကျဆင်းခဲ့ပါသည်။

ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းထားမှာ ဆက်လက်နိမ့်ကျနေဆဲဖြစ်သော်လည်း အနိမ့်ဆုံးအဖြစ်ကျဆင်းခဲ့သည့် ယခင်သုံးလပတ်လကာလထက် ၀.၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ခရီးသွားလာရောက်မှုနှင့် ဒေသခံများ၏သုံးစွဲမှုများသည် ဟောင်ကောင်ဒေသ စီးပွားရေးတိုးတက်မှုကို ဆက်လက် အထောက်အပံ့ပြုသွားမည်ဖြစ်ကြောင်းနှင့် ပြင်ပဈေးကွက်များ၏ အကြပ်အတည်းများကြောင့် ဆိုးကျိုးများ သက်ရောက်နိုင်သော်လည်း လုပ်သားဈေးကွက်အနေဖြင့် ကြံ့ကြံ့ခံနေသင့်သည်ဟု လူမှုဝန်ထမ်းနှင့် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး Chris Sun က ပြောကြားကြောင်း ရေးသားဖော်ပြထားပါသည်။

အလုပ်သမားဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၇-၂၈ ရက်နေ့တို့တွင် "Turning a New Page Job Fair" ခေါင်းစဉ်ဖြင့်  အလုပ်အကိုင်ပြပွဲ စီစဉ်ပြုလုပ်သွားမည်ဖြစ်ပြီး၊ လုပ်ငန်းပေါင်း ၅၀ ကျော်ပါဝင်၍ အလုပ်အကိုင်အခွင့်အလမ်း အများအပြားအတွက် လုပ်သားရှာဖွေခေါ်ယူဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း ပုဂ္ဂလိကကဏ္ဍ၌ လစ်လပ်နေရာ ၉၈,၂၂၂ ရှိကြောင်းနှင့် ထိုပမာဏသည် ယခင်နှစ် အလားတူကာလထက် ၁၀.၈ ရာခိုင်နှုန်းနှင့် ဇူလိုင်လမှ စက်တင်ဘာလ ပမာဏထက် ၃.၂ ရာခိုင်နှုန်း အသီးသီးကျဆင်းကြောင်း၊ အလုပ်အကိုင်ရှာဖွေသူများအနေဖြင့်  Interactive Employment Service website ကဲ့သို့သော အလုပ်သမားရေးရာဦးစီးဌာန၏ အွန်လိုင်းပလက်ဖောင်းများတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် စပ်လျဉ်းသည့် အချက်အလက်များရှာဖွေနိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)