Thailand

၂၀၂၃-၂၄ ကြံစိုက်ပျိုးရာသီတွင် ကြံဈေးနှုန်း တိုးမြှင့်ပေးရန် ကြံစိုက်တောင်သူများက တောင်းဆို

Last Updated:

၂၀၂၃-၂၄ ကြံစိုက်ပျိုးရာသီတွင် ကြံ ၁ တန်လျှင် ၁,၄၀၀ ဘတ်ထားပေးရန် ကြံစိုက်တောင်သူများက အစိုးရကို တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ကြံနှင့်သကြားဘုတ်အဖွဲ့ရုံး၏ ကနဦးတွက်ချက်မှုအရ ကြံ ၁တန်လျှင် ၁,၃၇၀ ဘတ်ဖြစ်ကြောင်း တောင်သူကိုယ်စားလှယ်ဖြစ်သူ Mr. Verasak Kwanmuang ကပြောကြားခဲ့သည်။

တွက်ချက်မှုတွင် အစိုးရအဖွဲ့၏ သကြားစက်ရုံထုတ်ဈေးနှုန်းကို ၁ ကီလိုဂရမ်လျှင် ၂ ဘတ် တိုးမြှင့်ခြင်းအပါအဝင် အချက်အလက်များစွာပေါ် အခြေခံထားပါကြောင်း၊ ဘုတ်အဖွဲ့က ဈေးနှုန်းနှင့် စပ်လျဉ်း၍ အများ၏ အကြံပြုချက်မတောင်းမီ ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရာသီသစ်အတွက် ကြံဈေးနှုန်းနှင့် စပ်လျဉ်း၍ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အပြီးသတ်ပြောကြားမည်ဖြစ် ကြောင်း Mr. Verasak က ဆက်လက်ပြောကြားခဲ့သည်။

ကြံ ၁ တန်ဈေးနှုန်းကို ၁,၃၇၀ ဘတ်မှ ၁,၄၀၀ ဘတ်သို့ တိုးမြှင့်ပေးရန် ဘုတ်အဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ကြံစိုက်ပျိုးသည့် ဇုန် ၉ ဇုန်ရှိပြီး ၁,၃၇၀ ဘတ်နှင့် ကိုက်ညီသည့် နေရာ ၂ နေရာသာရှိကြောင်း ကြံစိုက်ပျိုးသူများအသင်းချုပ်ခေါင်းဆောင် Mr. Narathip Anantasuk က ဖြည့်စွက်ပြောကြားခဲ့သည်။

အချိုဓာတ် အဆင့် ၁၀ ရှိသော စီးပွားဖြစ်ကြံအတွက် ဈေးနှုန်းကို ၁,၃၇၀ ဘတ် သတ်မှတ်ထားပါကြောင်း၊ ၂၀၂၃-၂၄ စိုက်ပျိုးရာသီတွင် ကြံထွက်ရှိမှုကို တန်ချိန် ၈၂.၄ သန်း ခန့်မှန်းထားပါကြောင်း၊ ကြံ ၁ ချောင်းလျှင် သကြား ၁၁၃.၂၅ ကီလိုဂရမ် ထွက်ရှိပါကြောင်း၊ ပြည်တွင်း သကြားစားသုံးမှုသည် တန်ချိန် ၂.၅၇ သန်းဖြစ်ကြောင်း၊ သကြားပို့ကုန်သည် ၁ ပေါင်လျှင် ၂၆.၄၇ စင့် ဖြစ်ပါကြောင်း၊ စက်ရုံထုတ် သကြားဈေးနှုန်း ၂ ဘတ်တိုးမြှင့်လိုက်ခြင်းသည် သန့်စင်ပြီး သကြားဈေးနှုန်းကို ၁ ကီလိုဂရမ်လျှင် ၂၁.၂၂ ဘတ် ဖြစ်စေကြောင်း၊ တွက်ချက်မှုများအရ ကြံ ၁ တန်လျှင် ပျမ်းမျှ ၁,၅၀၅.၂၅ ဘတ် ဖြစ်ကြောင်း၊ ဥပဒေအရ ကြံဈေးနှုန်းသည် တွက်ချက်ဈေးနှုန်း၏ ၉၅ ရာခိုင်နှုန်းဖြစ်သဖြင့် ၁,၃၇၀ ဘတ်ဖြစ်ကြောင်း Mr. Verasak က ဆက်လက်ပြောကြားခဲ့သည်။

 

 

Source: www.bangkokpost. gov၊

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand