USA

အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်း မြင့်မားသဖြင့် ဝင်ငွေများစုဆောင်းခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်လာ

Last Updated:

အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းမြင့်မားသဖြင့် ဝင်ငွေများစုဆောင်းခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်လာကြောင်း ၂၁-၉-၂၀၂၃ ရက်တွင် CNN အွန်လိုင်းသတင်း၌ “Interest rates are high. These are the best places to park your cash” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။   

၂၀-၉-၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့သည့် အမေရိကန်ဗဟိုဘဏ်၏အစည်းအဝေးပြီးနောက် အတိုးနှုန်းကို သတ်မှတ်နှုန်းထားအတိုင်း ဆက်လက်ထားရှိမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း၊ အဆိုပါ အတိုးနှုန်းသည် နှစ်ပေါင်း (၂၂) နှစ်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း၊ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်း ဆိုင်ရာဆုံးဖြတ်ချက်များသည် အမေရိကန်စီးပွားရေးကဏ္ဍရှိ ငွေစာရင်းများအပေါ် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်လျက် သက်ရောက်မှု ရှိစေသဖြင့် ငွေစုသူများနှင့် ငွေပိုငွေလျှံရှိသူများလာနိုင်ကြောင်း၊ ယခင်က ဘဏ်စုငွေစာရင်းများအတွက် နှစ်အလိုက်အတိုးနှုန်းမှာ (၀.၅၆) ရာခိုင်နှုူန်းရှိခဲ့ကြောင်း၊ JPMorgan Chase နှင့် Bank of America ကဲ့သို့သော ဘဏ်များတွင်နှစ်အလိုက်အတိုးနှုန်းမှာ (၀.၀၁) ရာခိုင်နှုန်းသာ ပေးလေ့ရှိကြောင်း၊ သို့ရာတွင် Federal Deposit Insurance Corporation (FDIC) အာမခံထားသည့် ဘဏ်များသည် စုငွေစာရင်းများအတွက် နှစ်အလိုက်အတိုးနှုန်း (၅) ရာခိုင်နှုန်း အထိပေးမည်ဟု အွန်လိုင်း၌ ဖော်ပြထား ပါကြောင်း၊ အတိုးနှုန်းများများ ရရှိနိုင်သည့် နောက်ထပ်နည်းလမ်းတစ်ခုမှာ ငွေတိုက်စာချုပ်များ (Treasury Bills)တွင် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါကြောင်း၊ ကာလတို Treasury Bills ဝယ်ယူ၍ ငွေစုဆောင်းထားနိုင်ကြောင်း၊ Treasury Bills များသည် အမေရိကန်နိုင်ငံက ကျောထောက် နောက်ခံပြုထားသဖြင့် ယုံကြည်မှုအဝဖြင့် ဝယ်ယူစုဆောင်းနိုင်ကြောင်း၊ (၃) လမှ (၆)လ သက်တမ်းရှိ Treasury Bills များ၏ အတိုးနှုန်းမှာ (၅.၅) ရာခိုင်နှုန်းဖြစ်ပြီး (၉) လမှ (၁) နှစ် သက်တမ်းဖြစ်ပါက (၅.၄၃) ရာခိုင်နှုန်း ရရှိနိုင်ကြောင်းဖြင့် သိရှိရပါသည်။   

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA