Thailand

ကုန်စည်အချို့၏ ဈေးနှုန်းလျှော့ချရေး လမ်းညွှန်ချက်များအတွက် ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက အချက်အလက်များ စုဆောင်းလျက်ရှိ

Last Updated:

နိုင်ငံသားများ နေ့စဉ်မရှိမဖြစ် အသုံးပြုလျက်ရှိသော ကုန်စည်များအပေါ် ဈေးနှုန်းလျှော့ချမည့် လမ်းညွှန်ချက်များနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ခုကို အဓိကစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများ၊ ရှော့ပင်းမော်လ်များနှင့် ပို့ကုန်များပါဝင်၍ ကျင်းပသွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံစီးပွား‌ရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Thumtham Wechayachai က ပြောကြားခဲ့ပါသည်။

စားသုံးသူများ၏ ကုန်ကျစရိတ်များ လျှော့ချပေးရာတွင် ပြဿနာများမဖြစ်ပေါ်စေရေး အားလုံးပါဝင်ဆောင်ရွက်သူများအပေါ် မျှတရန်လိုကြောင်း၊ မည်သည့် ကုန်ပစ္စည်းများအပေါ် ဈေးနှုန်းလျှော့ချမည်ဆိုသည်မှာ ယခုလောလောဆယ်တွင် ဖြေကြားရန်ခက်ခဲနေသေးပါကြောင်း၊ ပြည်သူများ၏ ကုန်ကျစရိတ်ကို လျှော့ချရန်နှင့် ဝင်ငွေတိုးပွားစေရမည့် အစိုးရ၏ ဦးတည်ချက်နှင့်လည်း ကိုက်ညီရန်လိုအပ်ကြောင်း ဝန်ကြီးကဖြည့်စွက်ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က လုပ်ငန်းငယ်ပိုင်ရှင်များနှင့် ဆန်ဈေးနှုန်းအခြေအနေသိရှိနိုင်ရန် ဆန်စက်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ လာမည့်အပတ်တွင် လုပ်ငန်းကြီးပိုင်ရှင်များ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် ထုတ်လုပ်သူများပါဝင်သည့် အစည်းအဝေးတွင်ဈေးနှုန်းလျှော့ချမည့် အစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းသော အချက်အလက်များစုဆောင်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားပါသည်။

လျှပ်စစ်ဓာတ်အားခလျှော့ချရာတွင် အဓိကအကျိုးရှိစေမည့် ဈေးဝယ်စင်တာများရှိ ပြင်ဆင်ချက်ပြုတ်ရောင်းချသည့် အစားအသောက်များ၏ ဈေးနှုန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်ဓာတ်အားခအပေါ် မမှီတည်သော မည်သည့်ကုန်စည်များ၏ ဈေးလျှော့ချသင့်သည်ဆိုသည်ကို ဈေးဝယ်စင်တာ လည်ပတ် နေသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးအနေဖြင့် ယခုကိစ္စရပ်နှင့် စပ်လျဉ်းသည့် ဦးစီးဌာနများနှင့်အဖွဲ့အစည်းများအပေါ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost. gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand