Thailand

ဂက်စ်ဆိုဟော ၉၁ စက်သုံးဆီအမျိုးအစားအတွက် ဈေးနှုန်းလျှော့ချပေးရန် ထိုင်းနိုင်ငံ အစိုးရအဖွဲ့ မူအားဖြင့် သဘောတူ

Last Updated:

ထိုင်းနိုင်ငံ၌ လူနေမှုကုန်ကျစရိတ်သက်သာမှုရှိစေရန်အတွက် ဂက်စ်ဆိုဟော ၉၁ စက်သုံးဆီအ မျိုးအစား၏ ဈေးနှုန်းကို ၂.၅ ဘတ် ဖြင့် ၃ လကြာ ဈေးနှုန်းလျှော့ချပေးရန် အစိုးရအဖွဲ့က မူအားဖြင့် သဘောတူခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး Mr. Pirapan Salirathavibhaga က အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် ပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းကြောင့် အခွန်ငွေ ဘတ် ၁ ဘီလီယံ ဆုံးရှုံးနိုင်ကြောင်း၊ ဂက်စ်ဆိုလင်းဈေးနှုန်းလျှော့ချရေး လမ်းညွှန်ချက်ကို လေ့လာရန် ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ ဝန်ကြီးဌာနတွင်း ဆောင်ရွက်ခဲ့ပြီး ပထမဆုံးဆောင်ရွက်ချက်အဖြစ် ဂက်စ်ဆိုဟော ၁ လီတာလျှင် ၂.၅ ဘတ်ကို ၃ လကြာလျှော့ချပေးသွားမည်ဖြစ်ပြီး လာမည့် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပပြီးစီးသည်နှင့်တစ်ပြိုင်နက် စတင်အသက်ဝင်မည်ဖြစ်ကြောင်းဝန်ကြီးက ဖြည့်စွက်ပြောကြား ပါသည်။

ဝန်ကြီးဌာနအနေဖြင့် ဂက်စ်ဆိုလင်း ၉၅ နှင့် အခြားသော ဂက်စ်ဆိုဟောအမျိုးအစားများကို ဈေးနှုန်းလျှော့ချနိုင်ရေးအတွက် ဈေးနှုန်းပုံစံကိုထည့်သွင်းစဉ်းစား၍ ချိန်ညှိနေပါကြောင်း၊ ၁၀ နှစ်အတွင်း ဆီဈေးနှုန်း၏ အကြီးဆုံး ပြန်လည်ပြင်ဆင်ချက် ဖြစ်ပါကြောင်း၊ ဒီဇယ်ဈေးနှုန်းကို စက်တင် ဘာ ၂၀ ရက်နေ့မှစ၍ ၁ လီတာလျှင် ၂.၅ ဘတ် လျှော့ချပေးခဲ့ပါကြောင်း၊ ယင်းသို့လျှော့ချပေးခြင်း သည် စီးပွားရေးလုပ်ငန်းများအတွက် စွမ်းအင်ကုန်ကျစရိတ်နှင့် အိမ်ထောင်စုများအတွက် နေထိုင်မှု ကုန်ကျစရိတ် သက်သာစေရေးအတွက် အစိုးရ၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း Mr. Pirapan က ပြော ကြားပါသည်။

 

 

 

 

Source: www.bangkokpost. gov

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand