Thailand

ယခုနှစ်၏ ကျန် ၃ လ အတွင်း ထိုင်းပို့ကုန်တန်ဖိုး တိုးတက်လာမည်ဟု ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ခန့်မှန်းထား

Last Updated:

ယခုနှစ်၏ ကျန် ၃ လအတွင်း ထိုင်းပို့ကုန်တန်ဖိုးသည် ဆက်လက်တိုးတက်နိုင်ကြောင်း၊ ပို့ကုန်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်နှင့် ပို့ကုန်လုပ်ငန်းစဉ်များ တိုးတက်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်ပါကြောင်း၊ မိုးခေါင်မှုအခြေအနေများ၊ တည်ငြိမ်စ ပြုသော ငွေကြေးလဲလှယ်နှုန်းနှင့် ခရစ္စမတ်နှင့် နှစ်သစ်ပိတ်ရက်များကြောင့် စိုက်ပျိုး‌ရေး ထုတ်ကုန်များနှင့် အစားအသောက်များကို တိုးမြင့်တင်သွင်းလာခြင်းကြောင့်လည်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

ဒီဂျစ်တယ်နည်းပညာနှင့် သန့်ရှင်းသောစွမ်းအင် လမ်းကြောင်းများနှင့်ချိန်ညှိ၍ စက်မှုထုတ်ကုန်များကိုလည်း တိုးတက်မှုရရှိရန် အားယူနေပါကြောင်း၊ ပို့ကုန်စွမ်းဆောင်ရည်သည် တစ်နှစ်ပတ်လုံးတွင် အနုတ်လက္ခဏာပြနေခဲ့သော်လည်း ကျုံ့နိုင်မှုသည် အေဂျင်စီအများစုက ခန့်မှန်းထားသည်ထက်ပင် နည်းနိုင်ကြောင်း၊ နိုင်ငံ၏ ပို့ကုန်သည် စက်တင်ဘာလတွင်လည်း တစ်ဖြောင့်တည်းတိုးတက်နေဆဲဖြစ်ကြောင်း၊ သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂၃.၄ ဘီလီယံ ရှိသဖြင့် ကုန်သွယ်မှုပိုငွေ အမေရိ ကန်ဒေါ်လာ ၂.၀၉ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများကို ကိုးကား၍ အမြဲတမ်းအတွင်းဝန် Mr. Keerati Rushchano က ပြောကြားခဲ့ပါသည်။

စက်တင်ဘာလအတွင်း ပို့ကုန်တိုးတက်စေခဲ့မှုသည် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး-စက်မှုထုတ် ကုန်များကြောင့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ ဒူးရင်းသီးနှင့် မင်းဂွတ်သီးကဲ့သို့သော သစ်သီးများ တင်ပို့နိုင်ခဲ့မှု၊ တောင်အာဖရိကနှင့် အင်ဒိုနီးရှား ဈေးကွက်များသို့ ဆန်တင်ပို့နိုင်ခဲ့မှုတို့သည် သိသိသာသာ တိုးတက်ခဲ့ကြောင်း၊ ပြောင်းလဲနေသော လမ်းကြောင်းနှင့်ကိုက်ညီမှုရှိစွာ ဆိုလာဆဲလ်များနှင့် မိုဘိုင်းဖုန်းများကိုလည်း တိုးချဲ့တင်ပို့နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၄.၁၈ ဘီလီယံထိ တိုးမြှင့်တင်ပို့နိုင်ခဲ့သည့် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး-စက်မှုထုတ်ကုန်များမှာ လတ်ဆတ်၊ အေးခဲနှင့် သစ်သီးခြောက် ၁၆၆ ရာခိုင်နှုန်း၊ ဆန် ၅၁.၄ ရာခိုင်နှုန်း၊ ပီလောပီနံထွက်ကုန် ၃.၇ ရာခိုင်နှုန်း၊ သကြား ၁၆.၃ ရာခိုင်နှုန်း၊ တိရစ္ဆာန်နှင့် ဟင်းသီးဟင်းရွက်ဆီ ၁၂.၈ ရာခိုင်နှုန်း၊ စည်သွပ်ဗူးနှင့်ပြုပြင်ပြီး ဟင်းသီးဟင်းရွက်များ ၁၇.၃ ရာခိုင် နှုန်း၊ နို့နှင့် နို့ထွက် ပစ္စည်းများ ၃.၁ ရာခိုင်နှုန်း၊ လတ်ဆတ်၊ အေးခဲနှင့် ဟင်းသီးဟင်းရွက်ခြောက်များ ၇.၉ ရာခိုင်နှုန်းနှင့် ဥများ ၅၂.၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ စက်မှုထုတ်ကုန်များတင်ပို့မှုသည် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ (-) ၂၄.၃ ရာခိုင်နှုန်း၊ ရာဘာထုတ်ကုန်များ (-) ၅.၅ ရာခိုင်နှုန်း၊ လေအေးပေး စက် များနှင့် အစိတ်အပိုင်းများ (-) ၂၇.၇ ရာခိုင်နှုန်း မော်တော်ဆိုင်ကယ်များနှင့် အစိတ်အပိုင်းများ (-) ၃၄.၆ ရာခိုင်နှုန်း နှင့် အလူမီနီယမ်ထုတ်ကုန်များ (-) ၁၅.၈ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပြီး အမေရိ ကန်ဒေါ်လာ ၂၀.၂ ဘီလီယံသာရှိခဲ့ပါသည်။

မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ ၃.၃ ရာခိုင်နှုန်း၊ ကျောက်မျက်ရတနာ (ရွှေမပါဝင်) ၂၇.၃ ရာခိုင်နှုန်း၊ တယ်လီဖုန်းနှင့် အပိုပစ္စည်းများ ၂၃.၉ ရာခိုင်နှုန်း၊ လျှပ်စစ်ထရန်စဖော်မာ နှင့် အပိုပစ္စည်း များ ၄၆.၄ ရာခိုင်နှုန်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ထရန်စစ္စတာနှင့် ဒိုင်အုတ် ၂၈.၈ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီး တိုးမြင့်တင်ပို့နိုင်ခဲ့ပါကြောင်း၊ စက်တင်ဘာလအတွင်း အိန္ဒိယ ၂.၆ ရာခိုင်နှုန်း၊ တောင်ကိုရီး ယား ၄.၄ ရာခိုင်နှုန်း၊ တရုတ် ၆.၂ ရာခိုင်နှုန်း၊ စင်ကာပူ ၉.၅ ရာခိုင်နှုန်း၊ မလေးရှား ၁၆.၂ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ၁၆.၂ ရာခိုင်နှုန်း စသည်ဖြင့် ပို့ကုန်တင်ပို့ခဲ့မှု လျော့နည်းခဲ့ကြောင်း ထုတ်ပြန်ထားသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ထိုင်းနိုင်ငံ၏ ပို့ကုန်စွမ်းဆောင်နိုင်မှုသည် အခြားသော ကောင်းမွန်နေဆဲဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ပို့ကုန်တွင် ၂.၁ ရာခိုင်နှုန်း တိုးတက်လျက်ရှိသည်ဟု ထုတ်ပြန်ထားပါကြောင်း သိရှိရပါသည်။

ပထမ ၉ လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၂၁၃ ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၂၁၉ ဘီလီယံ ရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၅.၈၃ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

 

 

Source: www.bangkokpost. gov

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand