China(Nanning)

တရုတ်နိုင်ငံ၏ ပဲပုပ်အထွက်နှုန်းသည် ၂၀၂၃ ခုနှစ်တွင် စံချိန်တင် မြင့်မားခဲ့

Last Updated:

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ပဲပုပ်အထွက်နှုန်းစံချိန်တင်ခဲ့ပြီး တန်ချိန် (၂၀.၈၄) သန်းရှိကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

ယခင်နှစ်တွင် တရုတ်နိုင်ငံ၏ ဆီထွက်သီးနှံစိုက်ပျိုးမှု တရုတ်မိုသန်း (၂၀၀) ကျော်ရှိသည့်အနက် ပဲပုပ်စိုက်ဧရိယာသည် တရုတ်မို (၁၅၇) သန်း (ဟက်တာ ၁၀.၄၇ သန်းခန့်) ရှိခဲ့သည်ဟု စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Deng Xiaogang က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် လူဦးရေစုစုပေါင်း (၃၃.၉၆၉) သန်းကို အလုပ်ခန့်ထားနိုင်ခဲ့ပြီး နှစ်စဉ်လျာထားချက် (၃.၇၇၇) သန်းထက် ကျော်လွန်ခဲ့ကြောင်း၊ မျိုးစေ့လုပ်ငန်း ပြန်လည်ရှင်သန်လာမှုသည် ရလဒ်ကောင်းများရရှိစေခဲ့ပြီး မျိုးစေ့ (၅၃၀,၀၀၀) ကျော်ကို စုဆောင်းထားသည်ဟု Deng ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားပြီး စီးပွားရေးပြန်လည်ဦးမော့လာရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ခိုင်မာသော အထောက်အပံ့များ ပေးအပ်ခဲ့သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမျိုးသားစာရင်းအင်းဗျူရို၏ ကနဦးအချက်အလက်များအရ တရုတ်နိုင်ငံ၏ သီးနှံအထွက်နှုန်းသည် တစ်နှစ်ထက်တစ်နှစ် (၁.၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် တန်ချိန် (၆၉၅.၄၁) သန်းအထိ မြင့်တက်လာခဲ့ကြောင်းနှင့် သီးနှံရိတ်သိမ်းမှုတန်ချိန် သန်း (၆၅၀) ကျော်ကို (၉) နှစ် ဆက်တိုက် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် သီးနှံအထွက်တိုးမှုနှင့် အရန်သိုလှောင်ထားခြင်းကြောင့် ၎င်း၏ သီးနှံလက်ကျန်နှင့် စားသုံးမှုအချိုးသည် နိုင်ငံတကာ သီးနှံဖူလုံရေးသတ်မှတ်ချက်ထက် ပိုမိုကောင်းမွန်သည်ဟု ဝန်ကြီး ဌာနမှ တာဝန်ရှိသူ Chen Bangxun က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: https://english.news.cn/20240123/b0189b21ca104a448a5ad0915bf331ed/c.html

(ကေခိုင်ကျော်၊ စီးပွားရေးသံမှူး)

Category: China(Nanning)