Thailand

ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဝန်ကြီးဌာနအားလုံး၌ ကြိုးနီစနစ် (Red Tape) ကို ဖြေလျှော့ရန် လမ်းညွှန်မှာကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန် စည်းမျဉ်းများ နှင့် ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားရန် ဝန်ကြီးချုပ်က ဝန်ကြီးဌာနများအား လုံးအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

ဝန်ကြီးချုပ်သည် ဒါးဗို့စ်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့ပြီး ဖိုရမ်၌ နိုင်ငံတကာအဖွဲ့အစည်းများ၏ ဆွေးနွေးချက်များကို ကြားသိခဲ့ရပြီးနောက် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်စေသည့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ် ပြင်ဆင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ဖိုရမ်တွင် ထိုင်းနိုင်ငံ၌ ဆေးဝါးဆိုင်ရာ စက်ရုံလည်ပတ် လုပ်ကိုင်နေသော ဥရောပသမဂ္ဂလုပ်ငန်းရှင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း၊ ၎င်းတို့က ဆေးဝါးများ တင်သွင်းရန် မှတ်ပုံတင်ရာတွင် ရှုပ်ထွေးသော လုပ်ထုံးလုပ်နည်းများကို မီးမောင်းထိုး ဆွေးနွေးခဲ့ကြ ကြောင်း၊ အဆိုပါ လုပ်ထုံးလုပ်နည်းများသည် မှတ်ပုံတင်ထားပြီး ဥရောပနိုင်ငံများစွာတွင် ပြည်သူ များ ယုံကြည်စိတ်ချစွာ သုံးစွဲလျက်ရှိသော  ကင်ဆာကုထုံးများကဲ့သို့ အရေးကြီးသော ကုသမှုများတွင် သက် ရောက်မှုရှိပါကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားခဲ့သည်။

တင်သွင်းလာသော ဆေးဝါးများသည် ကမ္ဘာ့စံနှုန်းမီ ဆေးဝါးများ ဖြစ်သော်လည်း မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်သည် ပိုမိုအချိန်ကြာပါကြောင်း၊ စီးပွားရေးနှင့်ကျွမ်းဝင်သော ပတ်ဝန်းကျင် ဖြစ်စေရမည့် အစိုးရ၏ မူဝါဒနှင့် ကိုက်ညီစေရေးအတွက် ပြဿနာများကို ဖြေရှင်းရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်မှုကို အရှိန်မြှင့်တင်ရန်နှင့် နိုင်ငံသားနှင့် နိုင်ငံခြားသားများသည် လုပ်ငန်းများဆောင်ရွက်ရာတွင် နှောင့်နှေးမှုမရှိစေဘဲ လွယ်ကူချောမွေ့စေရ မည်ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ရန်နှင့် လုပ်သာကိုင်သာရှိသော စီးပွားရေးပတ် ဝန်းကျင်ကောင်းဖြစ်စေရန် ဥပဒေများ ပြင်ဆင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများအား မှာကြားခဲ့ကြောင်း Mr. Chai ၏ ပြောကြားချက်အရသိရှိရပါသည်။

နိုင်ငံတွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ရန်နှင့် လုပ်သာကိုင်သာရှိသော စီးပွားရေးပတ်ဝန်းကျင်ကောင်းဖြစ်စေရန်မှာ ယင်းနိုင်ငံ၏ လုပ်ထုံးလုပ်နည်းများ၊ မူဝါဒများသည် လွန်စွာအရေး ကြီးသဖြင့် ထိုင်းနိုင်ငံ အစိုးရက ကြိုးနီစနစ်ဖြေလျှော့ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများကို အရှိန်မြှင့်တင် နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand