Thailand

ပင်လယ်နီးအတွင်း တင်းမာမှုများကြောင့် ဖေဖော်ဝါရီလ၌ သင်္ဘောတင်ပို့ခနှုန်းထားများမြင့်တက်လာ နိုင်သည်ဟု ထိုင်းကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (Employers’ Confederation of Thai Trade and Industry –EconThai) က ခန့်မှန်းခဲ့

Last Updated:

ပင်လယ်နီအတွင်း တင်းမာလာမှုများ အရှိန်ပြင်းထန်လာပါက ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်ကို သက်ရောက်လာနိုင်ပြီး သင်္ဘောတင်ပို့ခနှုန်းထားများသည် ၁.၈၉ ဆမှ ၂.၂၄ ဆ အကြား မြင့်တက်လာ ဖွယ်ရှိကြောင်း ထိုင်းကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (Employers’ Confedera-tion of Thai Trade and Industry –EconThai) က ခန့်မှန်းခဲ့ပါသည်။

သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်အပေါ် ဖိအားဖြစ်လာနိုင်သည့် သင်္ဘောတင်ပို့ခနှုန်းထား မြင့်တက်လာခြင်းကို အသင်းချုပ်အနေဖြင့် စောင့်ကြည့်နေပါကြောင်း၊ ပင်လယ်နီကို ဖြတ်သန်း၍ သင်္ဘောဖြင့် တင်ပို့မှု ဆောင်ရွက်နေသည့် နိုင်ငံများတွင် ငွေကြေးဖောင်းပွမှုနှုန်းနှင့် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ပင်လယ်နီကို ဖြတ်သန်း၍ ဥရောပသို့ ပို့ကုန်တင်ပို့နေသော ထိုင်းနိုင်ငံမှ သင်္ဘောများ၏ ပို့ဆောင်ခနှုန်းထားသည် ဒီဇင်ဘာလမှစ၍ အမေရိကန်‌ဒေါ်လာ ၁,၆၅၀ သို့ ရောက်ရှိခဲ့ ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၄,၀၀၀ ထိ ရောက်ရှိလာနိုင်ကြောင်း အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ Mr. Tanit Sorat က ပြောကြားခဲ့သည်။

Houthi များ၏ တိုက်ခိုက်မှုများကြောင့် ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်း မြင့်တက်လာနိုင်ပြီး နိုင်ငံတွင်း ဆီဈေးနှုန်းမြင့်တက်ခြင်းနှင့်အတူ သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်မှုကဏ္ဍများသို့ သက်ရောက်လာမည်ကို စိုးရိမ်ပါကြောင်း၊ နိုင်ငံအတွင်းသို့ တင်သွင်းသည့် ကုန်ကြမ်းဈေးနှုန်းများကိုလည်း စောင့်ကြည့် ရမည် ဖြစ်ကြောင်း၊ ဓာတုဓာတ်မြေဩဇာနှင့် သံမဏိတို့အတွက် သင်္ဘောတင်ပို့ခမြင့်တက်လာပါကြောင်း၊ သင်္ဘောအချို့သည် Cape of Good Hope လမ်းကြောင်းကို အသုံးပြုကြကြောင်း၊ Cape of Good Hope လမ်းကြောင်းသို့ ပြောင်းလဲအသုံးပြုမည်ဆိုပါက အရှေ့အလယ်ပိုင်း၊ ဥရောပ၊ မြောက်အာဖရိကနှင့် အမေရိကန်အရှေ့ပိုင်းသို့ တင်ပို့မည့် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများအတွက် တင်ပို့စရိတ်သည် မြင့်တက်နေဆဲပင်ဖြစ်ကြောင်း Mr. Tanit က သုံးသပ်ထားပါသည်။

ပင်လယ်နီအတွင်း တင်းမာမှုများကြောင့် ယင်းလမ်းကြောင်းကို အသုံးပြု၍ ပို့ကုန်တင်ပို့နေ သော နိုင်ငံများအတွက် တင်ပို့ခနှုန်းထားများ မြင့်တက်လာခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များ စိုးရိမ်လျက်ရှိသည့် အချက်တစ်ချက်ဖြစ်ပါသည်။ ထို့ပြင် ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လာနိုင်သည့် အလားအလာရှိပြီး နိုင်ငံအတွင်းရှိ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာနိုင်သည့် အခြေအနေရှိနိုင်သဖြင့် စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။ 

 

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand