Thailand

ထိုင်းနိုင်ငံနှင့် ဥရောပသမဂ္ဂ လွတ်လပ်သော ကုန်သွယ်ရေးအဖွဲ့ (European Free Trade Associat-ion-Efta) တို့အကြား လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးသွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံနှင့် ဥရောပသမဂ္ဂ လွတ်လပ်သော ကုန်သွယ်ရေးအဖွဲ့တို့အကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ကို ယခုနှစ်လယ်တွင် အပြီးသတ်ညှိနှိုင်းသွားမည်ဖြစ်ပြီး (၈) ကြိမ်မြောက် ဆွေးနွေးမှုကို ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက် မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ချဲ့ထွင်ရန်နှင့် နိုင်ငံ၏ ယှဉ်ပြိုင်မှုခိုင်မာရန်မှာ Efta နှင့် FTA ညှိနှိုင်းခြင်းသည် အရေးကြီးကြောင်း၊ Efta သည် ထိုင်းနိုင်ငံ၏ အဆင့် ၁၀ ရှိသော အကြီးဆုံးကုန်သွယ်မှုမိတ်ဖက်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း ပို့ကုန်တန်ဖိုး အမေရိကန် ၃.၉၇ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၁၉ ရှိခဲ့ကြောင်း၊ အဓိက ပို့ကုန်များမှာ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ၊ နာရီနှင့် ဆက်စပ်ပစ္စည်းများ၊ သံနှင့် သံမဏိ၊ လေအေးပေးစက်နှင့် ဆက်စပ်ပစ္စည်းများနှင့် ခရီးသွားအသုံးအဆောင်ပစ္စည်းများဖြစ်ပြီး တင်သွင်းကုန်များမှာ အဖိုး တန်ကျောက်တုံးများ၊ ငွေနှင့် ရွေပြားများ၊ နာရီနှင့် ဆက်စပ်ပစ္စည်းများ၊ အသား၊ ဆေးနှင့် ဆေးဝါး ပစ္စည်းများဖြစ်ကြောင်း သိရှိရပါသည်။

နှစ်နိုင်ငံ FTA တည်ထောင်ခြင်းဖြင့် GDP သည် ၀.၁၈ ရာခိုင်နှုန်း၊ ပို့ကုန် ၀.၁၄ ရာခိုင်နှုန်းနှင့် သွင်းကုန် ၀.၂၂ ရာခိုင်နှုန်း အသီးသီး တိုးတက်လာနိုင်ကြောင်း၊ သဘောတူစာချုပ်တွင်ပါဝင်သော စိုက် ပျိုးရေးနှင့် အစားအသောက်ထုတ်ကုန်များဖြစ်သည့် ဆန်၊ ပြောင်း၊ ပြုပြင်ပြီး အစားအသောက်၊ တိရစ္ဆာန်အစာ၊ အပူပိုင်းသစ်သီး၊ ဂျုံ၊ ဟင်းသီးဟင်းရွက်ဆီ၊ ပြုပြင်ပြီးကြက်သား၊ သကြား၊ ခေါက်ဆွဲ၊ စည်သွပ် အသီးအနှံနှင့် ဟင်းသီးဟင်းရွက်နှင့် အသီးဖျော်ရည် စသည်တို့အပြင် စက်မှုထုတ်ကုန်များ ဖြစ်သော အဝတ်အထည်၊ မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ အဖိုးတန်ကျောက်တုံးများ၊ ဝန်ဆောင်မှုကဏ္ဍဖြစ်သော ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေး၊ ဘဏ္ဍာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သန့်ရှင်းသော စွမ်းအင်စသည့် ကဏ္ဍအသီးသီးတွင် အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်ကြောင်း သိရှိ ရပါသည်။

ထိုင်းနိုင်ငံအစိုးရက အာဆီယံ FTA အပြင် အခြားသော အလားအလာရှိသည့် ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများနှင့် FTA လက်မှတ်ရေးထိုး၍ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ချဲ့ထွင်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သုံးသပ်ရပါသည်။  

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand