Thailand

၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင် ထိုင်းဆန် စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းသွားနိုင်ဖွယ်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးရုံး၏ ခန့်မှန်းထားချက်အရ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်များကြောင့် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင် စပါးတန် ချိန် ၈၇၁,၀၀၀ ခန့် ကျဆင်းနိုင်ဖွယ်ရှိပြီး တန်ချိန် ၂၅ ဒသမ ၈ သန်းသာ ထွက်ရှိနိုင်ကြောင်း၊ ဧက ၆၂ ဒသမ ၄ သန်း စိုက်ပျိုးပါကြောင်း၊ ယခင်နှစ်အောက် ၆၀၂,၀၀၀ ဧက လျော့နည်း စိုက်ပျိုးပါကြောင်း၊ ရိတ်သိမ်းဧရိယာမှာ ဧက ၅၉.၆ သန်းခန့် ဖြစ်ကြောင်း စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးဦးစီးဌာန၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ   Mrs. Tantita Bunyamaneekul က ပြောကြားခဲ့ပါသည်။

စိုက်ပျိုးဧရိယာကျဆင်းရခြင်းမှာ ရာသီဥတုအခြေအနေပြောင်းလဲလာမှုကြောင့် မိုးရွာသွန်းမှုနည်းပါးလာခြင်းကြောင့်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင်လည်း မိုးရွာသွန်းမှုနည်းပါးနိုင်မည်ဟု မိုးလေဝသဦးစီးဌာနက ခန့်မှန်းထားပါကြောင်း၊ ဇွန်လလယ်မှ ဇူလိုင်လလယ်ထိ မိုးရွာသွန်းမှုနည်းပါးပါကြောင်း၊ အထူးသဖြင့် ရေသွင်းမစိုက်ပျိုးသော ခြောက်သွေ့သောဒေသများတွင် ဖြစ်ကြောင်း၊ အချို့လယ်သမားများက ၎င်းတို့လယ်သမားများကို လွှတ်ထားခဲ့ကြပြီး အချို့က ၁ ကြိမ်သာ စိုက်ပျိုးကြပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

မိုးနည်းပါးမှုကြောင့် ၁ ဧက အထွက်နှုန်းလျော့နည်းသကဲ့သို့ ရောဂါနှင့် အိမ်မွေးတိရစ္ဆာန်များ၏ ဖျက်ဆီးမှုကြောင့်လည်း အထွက်နှုန်းလျော့နည်းနိုင်ပါကြောင်း၊ စပါးဈေးနှုန်းများသည် ၂၀၂၂ ခုနှစ်မှ စ၍ မြင့်တက်လျက်ပါကြောင်း၊ ယခုနှစ် ပထမ ၉ လအတွင်း ထိုင်း Hom mali စပါး ၁ တန်လျှင် ၁၄,၂၂၆ ဘတ် ဖြစ်ပါကြောင်း၊ အစိုဓာတ် ၁၅ ရာခိုင်နှုန်းပါ စပါး ၁ တန်လျှင် ပျမ်းမျှ ၁၀,၄၉၉ ဘတ်နှင့် ကောက် ညှင်းစပါး ၁ တန်လျှင် ပျမ်းမျှ ၁၁,၆၅၇ ဘတ် ဖြစ်ကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမ ၇ လအတွင်း ဆန်တင်ပို့နိုင်မှု ပမာဏနှင့် တန်ဖိုးမြင့်တက်ခဲ့ပါကြောင်း၊  အယ်လ် နီညို ရာသီဥတု ဖြစ်စဉ်များကြောင့် ပြည်တွင်းဆန်ဈေးနှုန်းများသည်လည်း မြင့်တက်လာနိုင်ကြောင်း၊ ထို့အပြင် တရုတ်တွင် ဆန်ထုတ်လုပ်မှု လျှော့ချခဲ့ခြင်းနှင့် ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး ဖြစ်သည့် အိန္ဒိယ၏ တင်ပို့မှု ပိတ်ပင်လိုက်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံအတွက် ဆန်ပိုမိုတင်ပို့နိုင်သည့် အခွင့်အလမ်းများဖြစ်လာနိုင်ပါကြောင်း Mrs. Tantita က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

Category: Thailand