Thailand

ထိုင်းနှင့်အိန္ဒိယတို့အကြား ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ မြေပြင်အခြေအနေများအပေါ် လွှမ်းခြုံမှုရှိစေရန်ဆွေးနွေးခဲ့

Last Updated:

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ဧပြီ ၂၀ ရက်နေ့က ကျင်းပခဲ့သည့် ထိုင်းနှင့် အိန္ဒိယနှစ်နိုင်ငံတွေ့ဆုံခဲ့မှုမှ ဒီဂျစ်တယ်စနစ်ဖြင့် လက်မှတ်ရေးထိုးခြင်းနှင့် ထုတ်ကုန်များပေါ်တွင် ပင်ရင်းဒေသသက်သေခံလက်မှတ်များအတွက် အသုံးပြုမည့် တံဆိပ်များနှင့်စပ်လျဉ်း၍ သဘောတူညီမှုရရှိခဲ့ပါကြောင်း၊ ခရီးသွားအသုံးစရိတ်အပေါ် အထောက်အကူပြုရန်အတွက် အိန္ဒိယနိုင်ငံ၊ India’s Unified Payments Interface Systemနှင့် ထိုင်းနိုင်ငံ၊ Thailand’s Promptpay တို့၏ ချိတ်ဆက်မှုမှတဆင့် QR Code အသုံးပြုကို တွန်းအားပေးလျက်ရှိကြောင်း၊ ရုပ်ရှင်ရိုက်ကူးရေးနှင့် ကျန်းမာရေးဆိုင်ရာခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာနက သိရှိရပါသည်။

ထိုင်းနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့သည့် တာယာ၊ ရောင်စုံတီဗွီများ၊ အအေးခန်းများ ပါဝင်သော လေအေးပေးစက်များ၊  သဘာဝရော်ဘာနှင့် ပန်းများအပေါ် တင်သွင်းမှုဆိုင်ရာ ကန့်သတ်ချက်များနှင့် ပိတ်ပင်တားဆီးချက်များနှင့်စပ်လျဉ်း၍ မေတ္တာရပ်ခံခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံမှ အုန်းသီးနုများအတွက် ဈေးကွက်ဖွင့်လှစ်ပေးရန် ဆွေးနွေးခဲ့ပါကြောင်းဦးစီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

ယခုနှစ်တွင် G20 ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရသော အိန္ဒိယနိုင်ငံသည် ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်တွင်ပါဝင်ဆောင်ရွက်ခြင်း၊ စီးပွားရေးတန်ဖိုး တက်လာစေရန်အတွက် နိုင်ငံတကာကုန်သွယ်မှုတွင် ပြည်တွင်းငွေကြေး ရူပီး (Rupee) သုံးစွဲမှုကိုတွန်းအားပေးခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်းဦးစီးဌာနက ဖြည့်စွက်ပြောကြားပါသည်။

 အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာ့အဆင့် ၅ နေရာတွင် ရပ်တည်လျက်ရှိပြီး ၂၀၃၀ ခုနှစ်တွင် အဆင့် ၃ နေရာသို့ ရောက်ရှိရန် ခန့်မှန်းထားပါကြောင်း၊ ယင်းသို့ တိုးတက်ရန် ပြည်တွင်းစားသုံးမှုကို မြှင့်တင်ခြင်း၊ ပို့ကုန်တိုးမြှင့်ခြင်း၊ အထူးသဖြင့် Logistics၊ ဆက်သွယ်ရေးနည်းပညာ၊ ဇီဝနည်းပညာ၊ စက်ရုပ်များ၊ မော်တော်ကားများနှင့် ဇီဝလောင်စာများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ခြင်းတို့ကို သတ်မှတ်ထားပါကြောင်း ဦးစီးဌာနက ပြောကြားခဲ့ပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkok.com

Category: Thailand