Vietnam

သြစတြေးလျသို့ ဗီယက်နမ်ခရီးသွားများ လာရောက်မှုအရှိန်အဟုန်ဖြင့် တိုးလာ

Last Updated:

ဩစတြေးလျသို့ ဗီယက်နမ်ခရီးသွားဧည့်သည် လာရောက်မှုအရေအတွက်သည် ကိုဗစ်ကပ်ရောဂါအကြိုအဆင့်နှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းကျော် တိုးလာကြောင်း သြစတြေးလျ ခရီးသွားလာရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Don Farrell ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါ တိုးတက်မှုသည် သြစတြေးလျကုမ္ပဏီများအတွက် အရှေ့တောင်အာရှတွင် လုပ်ငန်းများချဲ့ထွင်ရန် အခွင့်အလမ်းများရှိလာကြောင်းနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေသနဒေတာတွင် ပထမဆုံးအကြိမ်အဖြစ် ဗီယက်နမ်နှင့် ပတ်သက်သည့် အချက်အလက်များကို ပထမဆုံးအကြိမ် ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဝန်ကြီးက ၎င်း၏အေဂျင်စီအနေဖြင့် အရှေ့တောင်အာရှနှင့် ချိတ်ဆက်မှု တိုးမြှင့်ရန်နှင့် ဒေသတွင်းမှ ခရီးသွားများကို ဆွဲဆောင်ရန် ပိုမိုကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရားဝင်ထုတ်ပြန်ချက်အရ နယူးဇီလန်၊ တရုတ်၊ အမေရိကန်၊ ယူကေနှင့် အိန္ဒိယတို့သည် လက်ရှိတွင် သြစတြေးလျ၏ ထိပ်တန်းနိုင်ငံတကာ ခရီးသွားစျေးကွက်များဖြစ်ကြောင်းနှင့် သြစတြေးလျအနေဖြင့် ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများ ပိုမိုလာရောက်လည်ပတ်ရန် ကြိုးပမ်းလျက် ရှိကြောင်းဖော်ပြထားပါသည်။

နိုင်ငံတကာခရီးသွား အရေအတွက်သည် ကူးစက်ရောဂါအကြိုအဆင့်သို့ ပြန်လည်ရောက်ရှိလု နီးပါးဖြစ်ပြီး ဧည့်သည်များသည် သြစတြေးလျတွင် ငွေကြေးပိုမိုသုံးစွဲနေကြကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်တွင် သြစတြေးလျသို့ ဗီယက်နမ်နိုင်ငံသား ၁၅၀,၀၀၀ ခန့် လာရောက်ခဲ့ပြီး ဗီယက်နမ်သို့ သြစတြေးလျခရီးသွားဦးရေ ၃၉၀,၀၀၀ လာရောက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ယခုနှစ် ပထမ ၅ လတွင် ဗီယက်နမ်သည် သြစတြေးလျဧည့်သည် ၂၁၃,၀၀၀ ကို လက်ခံကြိုဆိုခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၅ ရာခိုင်နှုန်း တိုးလာကြောင်း၊ သြစတြေးလျသည် အရှေ့တောင် အာရှနိုင်ငံသို့ ခရီးသွားလာမှု သတ္တမမြောက် အကြီးဆုံးရင်းမြစ် ဖြစ်လာကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Express International

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam