Phillippines

ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းပြောင်းကဏ္ဍတွင် မလုံလောက်မှုများဆက်လက်ဖြစ်ပွားလျက်ရှိ

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ ပြည်တွင်းပြောင်းဈေးကွက်တွင်း ပြောင်းရိက္ခာမလုံလောက်မှုများရှိနေပြီး အစိုးရ၏ မူဝါဒမတည်ငြိမ်မှုများနှင့် အုပ်ချုပ်ရေးစီမံခန့်ခွဲမှုတို့သည် ပြောင်းထုတ်လုပ်မှုအား အဟန့်အတားဖြစ်စေပြီး အဆိုပါ ပြောင်းဈေးကွက်အပေါ် မှီခိုအားထားနေသူများနှင့် ပြောင်းကဏ္ဍတွင် ပါဝင်နေ သူများမှာ အခက်အခဲများ ကြုံတွေ့နေရသဖြင့်  ပြောင်းကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် မူဘောင်ချမှတ် လုပ်ဆောင်သင့်ကြောင်း အထက်လွှတ်တော်အမတ် Cynthia A.Villar မှ ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်ပြောင်းလုပ်ငန်းကဏ္ဍအဆင့်မြှင့်တင်ရေးလွှတ်တော်ကိုယ်စားလှယ်မှ Senate Bill-2625 ဖြစ်သော “ဖိလစ်ပိုင် ပြောင်းလုပ်ငန်းကဏ္ဍ အဆင့်မြှင့်တင်ရေးနှင့် အရည်အသွေးမြင့်ထုတ်ကုန်များ ယှဉ်ပြင်နိုင်စွမ်းအားရှိစေရေးဆိုင်ရာ ဥပဒေ” နှင့်စပ်လျဉ်းသည့် အမှာစကားအား Holy Week အားလပ်ရက်မတိုင်မီကာလတွင် ပြောကြားပေးခဲ့ပါသည်။ ပြည်တွင်းပြောင်းစိုက်ပျိုးသူများအနေဖြင့် လိုအပ်သည့် အရင်းအမြစ်များရရှိမှသာလျှင် ဈေးကွက်တွင်း ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ကြုံတွေ့နေရသည့် အခက်အခဲတို့အား ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ပြောင်းဝါကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီး မွေးမြူရေးနှင့် တိရစ္ဆာန်အစာများအတွက်လိုအပ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် ၊ ကိန်းဂဏန်းအချက်အလက်များအရ ပြောင်း၊ မွေးမြူရေးနှင့်တိရစ္ဆာန်အစာကဏ္ဍသည် စိုက်ပျိုးရေးကဏ္ဍအတွက် ၂၇.၁၇% ထိ  ပါဝင်ပါကြောင်း၊ အဆိုပါကဏ္ဍမှ ပြောင်းတောင်သူ ၁.၂၈ သန်းကျော်၊ မွေးမြူရေးလုပ်ကိုင်သူ ၂.၈ သန်း ကျော်နှင့် အခြားသော လုပ်ငန်းစဉ်တလျှောက်တွင်လည်း အလုပ်အကိုင်အခွင့်အလမ်းထောင်ပေါင်း များစွားကိုလည်းဖန်တီးပေးထားနိုင်ကြောင်းဖော်ပြထားပါသည်။ပြောင်းလုပ်ငန်းကဏ္ဍ၏ အကျိုးဆက်သည် အလုပ်အကိုင်အခွင့်အလမ်း၊ စားနပ်ရိက္ခာဖူလုံမှု၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့နှင့်လည်း ဆက်စပ်ပက်သက်နေပါကြောင်း ပြောကြားခဲ့ပါသည်။

ပြောင်းလုပ်ငန်းကဏ္ဍအနေဖြင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအတွက် ပိုမိုကောင်းမွန်သည့် အစိုးရ၏ အလေးထားဆောင်ရွက်ပေးမှု လိုအပ်နေသည်မှာ သိသာနေပါကြောင်း၊ ပြည်တွင်းလိုအပ်ချက်နှင့် ဝယ်လိုအားမြင့်တက်လာပြီး ထုတ်လုပ်မှုကျဆင်းနေခြင်းက ဖိလစ်ပိုင်နိုင်ငံအား ပြောင်းဝါတင်သွင်းသည့် နိုင်ငံအဖြစ် ဆက်လက်တည်ရှိစေခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်း ထုတ် လုပ်မှု၏ ၈၄% အား ပြည်တွင်းရှိ တိရစ္ဆာန်အစာ ကဏ္ဍအတွက် အသုံးပြုနိုင်ခဲ့သော်လည်း ၂၀၂၀ ခုနှစ် မှစ၍ ပြည်တွင်းပြောင်းရိက္ခာဖူလုံမှုမှာ ၅၇% ထိသာ ရှိတော့ကြောင်း ဖော်ပြပါရှိပါသည်။

အသားစားကြက်မွေးမြူရာတွင်စုစုပေါင်းကုန်ကျစရိတ်၏ ၅၀% မှ ၆၀% ခန့်မှာ တိရစ္ဆာန်အစာဖိုးအတွက် ကုန်ကျခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသည် တိရစ္ဆာန်မွေးမြူရေးအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်သည် အခြားသောအာဆီယံနိုင်ငံများကြားတွင် အမြင့်မားဆုံးနေရာတွင် ရှိနေရခြင်းမှာ တိရစ္ဆာန်အစာအတွက်ကုန်ကျစရိတ် ကြီးမြင့်နေခြင်းကြောင့် ဖြစ်ပါသည်။

၂၀၁၈ မှ ၂၀၂၂ ကာလအတွင်း ဖိလစ်ပိုင်နိုင်ငံမှ ပြောင်းဝါထုတ်လုပ်မှုသည် ပျမ်းမျှ တစ်ဟက်တာလျှင် ၄.၂ မက်ထရစ်တန်ထိ တိုးမြင့်ထွက်ရှိခဲ့သော်လည်း အာရှနိုင်ငံများအကြား ဖိလစ်ပိုင်နိုင်ငံ သည် နောက်ကျကျန်နေသေးပါကြောင်းနှင့် နံပါတ် ၈ နေရာတွင်သာ ရပ်တည်လျက်ရှိပါကြောင်း၊ အမိန့် ကြော်ငြာစာအမှတ်-၄ အရ ပြည်တွင်းမှ ပြောင်းစိုက်ပျိုးသူ တောင်သူများအနေဖြင့် ထုတ်လုပ်မှု ပိုလျှံနေလျှင်တောင်မှ ပြည်ပသို့ တင်ပို့ခွင့်မရရှိပဲ ဥပဒေအရ စည်းနှောင်ထားမှုများရှိနေပါကြောင်း၊ ထို့ အတွက် ပြည်တွင်း ပြောင်းစိုက်ပျိုးသူတောင်သူများအနေဖြင့်ပြည်ပဈေးကွက်သို့ တင်ပို့ခြင်း၏ အကျိုး ကျေးဇူးရလဒ်၊ အခွင့်အလမ်းများအား အပြည့်အဝမရရှိပါကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ပြည်တွင်းပြောင်းတောင်သူများ ထပ်မံရင်ဆိုင်နေရသည့် အခက်အခဲမှာ ဓာတ်မြေဩဇာနှင့် ပြောင်းမျိုးစေ့များကဲ့သို့သော သွင်းအားစုများ၏ ဈေးနှုန်းကြီးမြင့်နေခြင်းဖြစ်ပါကြောင်း၊ မျိုးဗီဇ ပေါင်းစပ်ထားသည့် ပြောင်းဝါမျိုးစေ့၏ဈေးနှုန်းသည် အခြားသေသာမန်ပြောင်းမျိုးစေ့များ၏ ဈေးနှုန်းထက် ၅ ဆခန့် ပို၍ ကြီးမြင့်နေပါကြောင်း၊ ထို့အတွက် မျိုးစေ့ဆိုင်ရသုတေသနများအတွက် ယခုထက်ပို၍ ရင်းနှီးမြှုပ်နှံသင့်သည်ဟု သုံးသပ်ရပါကြောင်း၊ ခွဲဝေရရှိလာသည့် ရန်ပုံငွေများမှာ ပြောင်းဝါကဏ္ဍ အတွက် အနည်းငယ်သာ သုံးစွဲရပြီး ပြောင်းဖြူ (White Corn) ကဏ္ဍတွင်သာ ပိုမိုသုံးစွဲနေသည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့ပါသည်။

ပြင်ဆင်ထုတ်ပြန်ထားသည့် Corn Industry Development Roadmap အား သက်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သော Bureau of Plant and Industry နှင့် အခြားသောအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ၊ အစာစက်ရုံများ၊ တောင်သူများ စသည်တို့မှ ပူးပေါင်းအကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ပါသည်။ မူဝါဒ၊ ဥပဒေပြုရေးဆွဲချမှတ်သူများမှလည်း အဓိကပြောင်းထုတ်လုပ်နေသည့် ဒေသများသို့ ခေတ်မှီနည်းပညာများ မျှဝေပေးနိုင်ခြင်းဖြင့် ပြောင်းဝါကဏ္ဍဆောင်ရွက်မှု ပိုမို ကောင်းမွန်လာစေရေးတိုးအားပေးဆောင်ရွက်သွားစေလိုပါကြောင်း၊အဆိုပါပြောင်းစိုက်ပျိုးသည့်ဒေသ များသို့ အရည်အသွေးကောင်းမွန်သည့် မျိုးစေ့များ၊ တိရစ္ဆာန်အစာများ ဖြန့်ဝေပေးခြင်းအားဖြင့် ထုတ်လုပ်မှုမြင့်မားလာမည်ဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံရှိ ထိပ်တန်းပြောင်းထုတ်လုပ်နေသည့်ဒေသများမှ စုစုပေါင်း ပြောင်းဝါထုတ်လုပ်မှု၏ ၆၁% အား ထုတ်ပေးလျက်ရှိပါကြောင်း၊ SB-2625 သည်လည်း Corn Competitives Enhancement Fund  တည်ထောင်ရန် အထောက်အပံ့တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါရန်ပုံငွေအား နှစ်စဉ်အထွေထွေရန်ပုံငွေထဲတွင် ထပ်ပေါင်းထည့်သွားမည်ဖြစ်ပြီး ပြောင်း၊ တိရစ္ဆာန်အစာများနှင့် အခြားသောအစာများ တင်သွင်းခြင်းတို့မှရရှိလာသည့် အခွန်ငွေများအား စုစည်းထားမည်ဖြစ်ပြီး ၁၀ နှစ်စာအတွက် ပြောင်းရန်ပုံငွေမှာ နှစ်စဉ် ပီဆို ၃ ဘီလီယံ ခန့်ရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားပါ သည်။    တချိန်တည်းမှာပင် ပြောင်းအဖြူကိုလည်း ချန်ထားခဲ့၍ မရပါကြောင်းနှင့် လူတို့စားသုံးသည့် ပြောင်းဖြူကိုလည်း အဆိုပါရန်ပုံငွေ၏ ၂၀% ခန့်ထိ ခွဲဝေချထားပေးသွားမည်ပြီး ကျန် ၈၀% ကို ပြောင်း ဝါကဏ္ဍအတွက်သုံးစွဲသွားမည်ဟု ဖော်ပြပါရှိပါသည်။

 

 

 

 

Source; https://businessmirror.com.ph/2024/03/25/inefficiencies-stunt-growth-of-local-corn-sector-villar/

(စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

 

         

Category: Phillippines