USA

အမေရိကန်နိုင်ငံ၏ Electric Vehicle (EV) ရောင်းအားအကောင်းဆုံးကုမ္ပဏီဖြစ်သည့် Tesla သည် ပြန်လည်အားသွင်းနည်းပညာ (Charging War) ပြိုင်ဆိုင်မှုတွင် အောင်မြင်မှုရ

Last Updated:

အမေရိကန်နိုင်ငံ၏ Electric Vehicle (EV) ရောင်းအားအကောင်းဆုံးဖြစ်သည့် Tesla သည် ပြန်လည်အားသွင်းနည်းပညာ (Charging War) ပြိုင်ဆိုင်မှုတွင် အောင်မြင်မှုရကြောင်း ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ရက်နေ့    New York Times  အွန်လိုင်းသတင်းတွင်  “Tesla May Have Already Won the Charging Wars” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသည်။

General Motors (G.M.) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Ms. Mary Barra သည် Tesla မှ တီထွင်ထားသည့် ပြည်လည်အားသွင်းနည်းပညာကို Ford Motor ကဲ့သို့ လိုက်ပါဆောင်ရွက်မည်ဖြစ်ကြောင်း သဘောတူခဲ့ပါကြောင်း၊ ထို့သို့သဘောတူခြင်းသည် G.M. နှင့် Ford မော်တော်ယာဉ် အသုံးပြုသူများအနေဖြင့် Tesla ၏ မြန်နှုန်းမြင့်အားသွင်းရုံများ (Fast Chargers) များတွင် ၎င်းတို့၏ မော်တော်ယာဉ်များကို အားသွင်းနိုင်မည်ဖြစ်ပါသည်။   

Tesla ကုမ္ပဏီသည် အမေရိကန်နိုင်ငံတွင် EV မော်တော်ယာဉ် အများဆုံးရောင်းချရသည့် ကုမ္ပဏီတစ်ခုဖြစ်သည့်အပြင် နိုင်ငံ၏အကြီးမားဆုံးသော လျှပ်စစ်မော်တော်ယာဉ် မြန်နှုန်းမြင့် အားသွင်းကွန်ရက် (fast-charging network) ကိုလည်း ပိုင်ဆိုင်ထားပါကြောင်း၊ ထို့အပြင် ယင်းကွန်ယက်ကို မြောက်အမေရိကတိုက်၏ လျှပ်စစ်မော်တော်ယာဉ် အားသွင်းမှုဆိုင်ရာ စံနှုန်း (North American Charging Standard) ဟုလည်း ခေါ်ဆိုကြပါကြောင်း ဖော်ပြထားပါသည်။

Tesla ကုမ္ပဏီနှင့် ပူးပေါင်းမည့် အချို့ကုမ္ပဏီများအနေဖြင့် ကြိုတင်မခန့်မှန်းနိုင်သည့် ခေါင်းဆောင်မှုရှိသော ကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ် Mr. Elon Musk နှင့်ပူးပေါင်းရန် စိုးရိမ်မှုရှိကြကြောင်း ဖော်ပြထားပါသည်။

Tesla မှအပ G.M.၊ Ford နှင့် အခြားမော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများအနေဖြင့် ဥရောပစံနှုန်းဖြစ်သော C.C.S. (Combined Charging System) အားသွင်းပလပ်ခေါင်းများဖြင့် ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ Tesla ၏ အားသွင်းပလပ်ခေါင်းများမှာ ပေါ့ပါး၍ ကိုယ်တွယ်ရလွယ်ကူပြီး ကုမ္ပဏီထုတ် မော်တော်ယာဉ်များနှင့်သာ ကိုက်ညီသဖြင့် Tesla သည် G.M. နှင့် Ford မော်တော်ယာဉ်များအတွက် အမေရိကန်နိုင်ငံရှိ Fast Chargers (၁၂၀၀၀) တွင် adapter တစ်ခုစီကို ၂၀၂၄ ခုနှစ် အစောပိုင်းတွင် တပ်ဆင်သွားမည်ဖြစ်သဖြင့် ၂၀၂၅ ခုနှစ်တွင် G.M. နှင့် Ford ကုမ္ပဏီထုတ် မော်တော်ယာဉ်များကို Tesla ၏အားသွင်းပလပ်ခေါင်းများကဲ့သို့  ထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။ 

EV မော်တော်ယာဉ်အားသွင်းနေရာ နည်းပါးသဖြင့် ၂၀၂၁ ခုနှစ်တွင် Tesla သည် ၎င်းတို့ကိုယ်ပိုင် Charging network တစ်ခုကို တည်ဆောက်ခဲ့ပြီး ကနဦးတွင် အဆိုပါ Charging network တည်ဆောက်ခြင်းသည် အရှုံးပေါ်နိုင်ကြောင်း လေ့လာသူများက ခန့်မှန်းခဲ့ကြပါသည်။

အမေရိကန်နိုင်ငံတစ်ဝှမ်းလုံးရှိ Tesla ၏ charging ports အရေအတွက်မှာ (၁၉၇၀၀) ရှိပြီး C.C.S. အမျိုးအစား ports မှာ  (၁၀၅၀၀) ရှိကြောင်း အမေရိကန်စွမ်းအင်ဝန်ကြီးဌာန၏ စာရင်းများအရသိရပါကြောင်း၊ Tesla အနေဖြင့် ၎င်းတို့၏ charging ports (၁၉၇၀၀) အနက် (၁၂၀၀၀) ကိုသာ Ford ၊ G.M. နှင့် Rivian မော်တော်ကားများအတွက် ဖွင့်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

Source: https://www.nytimes.com/2023/06/27/business/energy-environment/tesla-gm-ford-charging-electric-vehicles.html

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA