USA

အမေရိကန်ပြည်ထောင်စုရှိ အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ ပထမအကြိမ် ကျဆင်း

Last Updated:

အမေရိကန်ပြည်ထောင်စုရှိ အိမ်ခြံမြေဈေးနှုန်းများသည် ၂၀၁၂ ခုနှစ်၊ ဧပြီလမှစ၍ ပထမအကြိမ် ကျဆင်းကြောင်း World Street Journal အွန်လိုင်းသတင်းတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့၌ “U.S. Home Prices Posted First Annual Decline Since 2012 in April” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

(၁၁) နှစ်တာကာလအတွင်း ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် အိမ်ခြံမြေဈေးနှုန်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ပြီး အပေါင်စာချုပ်ဖြင့်ချေးငွေ (mortgage) အတိုးနှုန်းမြင့်သဖြင့် အိမ်ဝယ်သူများအတွက် အိမ်ခြံမြေဈေးနှုန်း မြင့်တက်ခဲ့ပါကြောင်း၊ S&P CoreLogic Case-Shiller National Home Price Index လေ့လာချက်အရ နိုင်ငံတစ်ဝှမ်းအိမ်ခြံမြေဈေးနှုန်းသည် ဧပြီလ၌ ၀.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ထိုသို့ကျဆင်းလာခြင်းသည် ၂၀၂၁ ခုနှစ် ဧပြီလမှစ၍ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အပေါင်စာချုပ်ဖြင့် ချေးငွေအတိုးနှုန်းသည် ၂၀၂၂ ခုနှစ်တွင် တစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီး ဈေးကွက်အတွင်း အိမ်ခြံမြေအရောင်းအဝယ် နှေးကွေးစေခဲ့ပါကြောင်း၊ စီးပွားရေးပညာရှင်များ ခန့်မှန်းထားသကဲ့သို့ အိမ်ခြံမြေဈေးနှုန်း ကျဆင်းမသွားဘဲ ဈေးကွက်တွင် ရောင်းချသည့် အိမ်ခြံမြေပုံမှန်ထက် အရေအတွက်နည်းသဖြင့် အိမ်ပိုင်ရှင်များသည် ၎င်းတို့အိမ်ကို ရောင်းမထုတ်လိုကြကြောင်း ဖော်ပြထားပါသည်။

အပေါင်စာချုပ်ဖြင့် နှစ် (၃၀) ကာလချေးငွေ၏ ပုံသေအတိုးနှုန်း ၆.၆၇ ရာခိုင်နှုန်းမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၂ တွင် ကုန်ဆုံးခဲ့ကြောင်း ဖော်ပြထားပါသည်။ S&P Dow Jones Indices မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Craig Lazzara က အမေရိကန်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက်မှာ ဧပြီလမှစတင်၍ ပိုမိုကောင်းမွန်လာခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် အိမ်ခြံမြေဈေးနှုန်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအထိ ကျဆင်းခဲ့ကြောင်း၊ ထို့နောက်ပိုင်းမှသာ ပြန်လည်ကောင်းမွန်လာခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အလယ်အလတ်အဆင့်ရှိ အိမ်ဈေးနှုန်းမှာ ယခင်နှစ်အစောပိုင်းက အမေရိကန်ဒေါ်လာ ၃၉၆,၁၀၀ ရှိခဲ့ရာမှ မေလတွင် ၃.၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း အမျိုးသားအိမ်ခြံမြေလုပ်ငန်းရှင်များအသင်း (National Association of Realtors) က ပြောကြားခဲ့ပါသည်။ World Street Journal သတင်းစာတိုက်၏ စစ်တမ်းတွင် မြို့ကြီး (၂၀) မြို့ကိုအခြေပြုသည့် အညွှန်းကိန်းမှာ ၂.၄ ရာခိုင်နှုန်းသို့ ကျဆင်းနိုင်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြပါသည်။ သို့ရာတွင် မီယာမီမြို့၏ နှစ်စဉ်အိမ်ဈေးနှုန်း တိုးတက်နှုန်းမှာ ၅.၂ ရာခိုင်နှုန်းရှိပြီး ၄.၁ ရာခိုင်နှုန်းဖြင့် ချီကာဂိုမြို့သည် ဒုတိယနေရာတွင်ရှိပါကြောင်း ဖော်ပြထားပါသည်။

 

Source: https://www.wsj.com/articles/u-s-home-prices-posted-first-annual-decline-since-2012-in-april-a5d0bbdc?mod=economy_lead_pos1

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA