China (HongKong)

ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းထားမပြောင်းလဲဘဲ ၂.၉ ရာခိုင်နှုန်းတွင် ရပ်တည်

Last Updated:

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းထားမှာ ယခင်သုံးလပတ်ဖြစ်သည့် ဩဂုတ်လမှ အောက်တိုဘာအတွင်း၌ ရှိခဲ့သည့် ပမာဏအတိုင်း ၂.၉ ရာခိုင်နှုန်းတွင် ဆက်လက်တည်ရှိနေကြောင်း Hong Kong Business သတင်းဌာနမှ “Unemployment rate remains at 2.9%” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ဒီဇင်ဘာလ တတိယအပတ်တွင် ထုတ်ပြန်သည့်  အချက်အလက်များအရ စက်တင်ဘာလမှ နိုဝင်ဘာလ သုံးလပတ်ကာလအတွင်း အလုပ်လက်မဲ့ဦးရေ ၁၁၂,၄၀၀ ဦး ရှိကြောင်းနှင့် ယခင်သုံးလပတ်ကာလထက် ၄,၇၀၀ ဦး လျော့နည်းသွားပြီး စုစုပေါင်း အလုပ်လက်မဲ့ဦးရေ ၃,၇၀၈,၇၀၀ ဦး ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ကဏ္ဍအသီးသီးရှိ အလုပ်လက်မဲ့နှုန်းထားမှာနိမ့်ကျနေပြီး၊ယခင်သုံးလပတ်ကာလဖြစ်သည့် ဩဂုတ်လမှ အောက်တိုဘာလအတွင်း စာရင်းဇယားနှင့် နှိုင်းယှဉ်ပါက ပြောင်းလဲမှုအနည်းငယ်သာရှိသည်ဟု အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနဝန်ကြီး Chris Sun ကပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ရရာလုပ်ငန်းလုပ်ကိုင်မှုနှုန်းထားအနေဖြင့် စက်တင်ဘာလမှ နိုဝင်ဘာလ သုံးလပတ်အတွင်း ၁ ရာခိုင်နှုန်းသာရှိပြီး အရေအတွက်အားဖြင့် ၃,၆၀၀ ဦးရှိသော ကြောင့် ယခင်သုံးလပတ်ကာလတွင်ရှိခဲ့သည့် ရာခိုင်နှုန်းအတိုင်း မပြောင်းလဲဘဲရှိနေကြောင်း ရေးသားဖော်ပြထားပါသည်။

လုပ်သားဈေးကွက်သည် မကြာမီကာလအတွင်း အကြပ်အတည်း ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း၊ ပြင်ပနိုင်ငံများတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ဟောင်ကောင်ဒေသအပေါ် ဆိုးကျိုးများ သက်ရောက်နိုင်ကြောင်းနှင့် ခရီးသွားလာရောက်မှုနှင် တစ်ဦးချင်းသုံးစွဲမှုများ မျှော်မှန်းထားသကဲ့သို့ ဦးမော့လာခြင်းမှာ လုပ်သားလိုအပ်ချက်အတွက် ဆက်လက်အထောက်အကူပြုသွားမည်ဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)