China(Nanning)

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် Negative Lists ကို ဆယ်စုနှစ်အတွင်း (၈၀) ရာခိုင်နှုန်း လျှော့ချခဲ့

Last Updated:

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ စတင်ဖွင့်လှစ်ခဲ့သော ရှေ့ပြေးလွတ်လပ်သော ကုန်သွယ်မှုဇုန် (Free Trade Zone- FTZ) တွင် Negative Lists စနစ်ကို ၂၀၁၃ ခုနှစ်မှ စတင်၍ ကျင့်သုံးခဲ့ပြီးနောက် လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် Negative Lists များကို (၈၀) ရာခိုင်နှုန်းကျော် လျှော့ချနိုင်ခဲ့သည်ဟု တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ Negative Lists ကို လျှော့ချနိုင်ခဲ့ခြင်းသည် ကဏ္ဍအသီးသီးတွင် တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှု တိုးတက်လာခြင်းကို ထင်ဟပ်စေသည်ဟု ဝန်ကြီးဌာန၏ ရှေ့ပြေး FTZ နှင့် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်းများဌာန၊ အကြီးအကဲ Yang Zhengwei ကပြောကြားခဲ့ကြောင်း၊ ဥပမာအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် မျိုးစေ့ကဏ္ဍ၌သာ ကန့်သတ် ချက်များ ကျန်ရှိနေကြောင်း သိရှိရပါသည်။

FTZ များတွင် ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်သည့် Negative Lists ကို လုံးဝဖြေလျော့ပေးခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍတွင် နိုင်ငံခြားသားရှယ်ယာပါဝင်သော သို့မဟုတ် ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် စီးပွားရေးလုပ်ငန်းများကို ပိုမိုအားပေးလျက်ရှိသည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယနေ့ခေတ်တွင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများသည် တရုတ်နိုင်ငံသို့ ပထမဆုံးလာ ရောက်ရင်းနှီးမြှုပ်နှံသည့်အခါတွင် Negative Lists များကို စစ်ဆေးလေ့ရှိကြကြောင်း သိရှိရပါ သည်။ သို့သော် လွန်ခဲ့သည့် (၁၀) နှစ်က Negative Lists စတင်ဆောင်ရွက်မှုသည် တရုတ်နိုင်ငံအတွက် လုံးဝအသစ်အဆန်းဖြစ်ပြီး FTZs များ တည်ထောင်ရခြင်းမှာလည်း Negative Lists စနစ်ကို စမ်းသပ်ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် Negative Lists ကျင့်သုံးခြင်းကို ၂၀၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပြီးနောက် Negative Lists ကို ဖြေလျော့ခြင်းဖြင့် ဈေးကွက်ဝင်ရောက်ခွင့်ကို အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ယခုအချိန်တွင် တရုတ်နိုင်ငံ၌ FTZ (၂၁) ခုနှင့် ဟိုင်နန်လွတ်လပ်သော ကုန်သွယ်မှု ဆိပ်ကမ်းရှိပြီး FTZ (၂၁) ခု၏ လုပ်ငန်းဆောင်ရွက်မှုသည် ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စုစုပေါင်း သွင်းကုန်နှင့် ပို့ကုန်များ၏ (၁၈) ရာခိုင်နှုန်း နီးပါးရှိကြောင်း သိရှိရပါသည်။

 

 

 

Source: https://english.news.cn/20230927/a1e47d2d8f28474bbd800fc68354bf5c/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)