Korea

တောင်ကိုရီးယားပြည်တွင်း စားသုံးသူများ၏ ဝယ်လိုအားကျဆင်းခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်အတွက် ကုန်ထုတ်လုပ်သူများ၏ စိတ်ခံစားမှုအညွှန်းကိန်းကျဆင်းလာ

Last Updated:

တောင်ကိုရီးယားပြည်တွင်း စားသုံးသူများ၏ဝယ်လိုအားကျဆင်းခြင်းနှင့် ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်မားခြင်းတို့ကြောင့် ပြည်တွင်းရှိကုန်ထုတ်လုပ်သူများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ပထမ သုံးလပတ်တွင် စီးပွားရေးအခြေအနေပိုမိုဆိုးဝါးလာမည်ဟု မျှော်လင့်ထားကြောင်းကို နိုင်ငံတစ်ဝှမ်း ရှိ ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင်၂,၁၅၆ ဦးအား လေ့လာဆန်းစစ်ချက်အဖြေကို ကိုးကား၍ ကိုရီးယားနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (Korea Chamber of Commerce and Industry- KCCI) က ၂၈-၁၂-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

ကုန်ထုတ်လုပ်သည့်လုပ်ငန်းရှင် ၂,၁၅၆ ဦးအား လက်ရှိစီးပွားရေးအခြေအနေနှင့် စပ်လျဉ်း၍ လေ့လာဆန်းစစ်ချက်အရ စီးပွားရေးစိတ်ခံစားမှုအညွှန်းကိန်း (Business Sentiment Index- BSI) သည် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်တွင် ၈၃ သာရှိပါကြောင်း၊ လက်ရှိ ၂၀၂၃ ခုနှစ်၊ စတုတ္ထသုံး လပတ် BSI ထက် ပွိုင့် ၁ ပွိုင့် ကျဆင်းသွားပါကြောင်း KCCI က ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်တွင် BSI ကျဆင်းခြင်းသည် သုံးလပတ် ၃ ခုဆက်တိုက်ကျဆင်းခြင်းဖြစ်ပါ ပါသည်။ BSI ၁၀၀ အောက်ရှိနေခြင်းသည် စီးပွားရေးအခြေအနေများ ယိုယွင်းလာသည်ဟု ထင်မြင်သည့် ကုမ္ပဏီအရေအတွက်က စီးပွားရေးအခြေအနေများကောင်းမွန်လာသည်ဟု ထင်မြင်သည့် ကုမ္ပဏီအရေအတွက်ထက် များနေသည်ကို ဖော်ညွှန်းပါသည်။

ပြည်တွင်းနေစားသုံးသူများ၏ ဝယ်လိုအားကျဆင်းခြင်းနှင့် ကုန်ကြမ်းပစ္စည်းများဈေးနှုန်း မြင့်မားခြင်းသည် ပြည်တွင်းရှိကုန်ထုတ်လုပ်သည့်ကုမ္ပဏီများအပေါ် ဖိအားဖြစ်စေပါကြောင်း၊ ပို့ ကုန်တင်ပို့သူများအကြား ဆန်းစစ်ထားသည့် ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်အတွက် BSI သည် ၉၃ ဖြစ်သည့်အတွက် ၂၀၂၃ ခုနှစ်၊ စတုတ္ထသုံးလပတ်ထက် ပွိုင့် ၁၀ ပွိုင့် မြင့်မားလာပါကြောင်း၊ သို့သော် ပြည်တွင်းဝယ်လိုအားကို ဆန်းစစ်ချက်အရ BSI သည် ပွိုင့် ၄ ပွိုင့် ကျ ဆင်းပြီး ၈၀ သာရှိကြောင်း ဆန်းစစ်ချက်အရ သိရှိရပါသည်။

သို့သော် ဆေးဝါးထုတ်လုပ်သူများကို ဆန်းစစ်ချက်အရ BSI သည် ၁၁၅ အထိရှိနေပြီး အလှကုန်ထုတ်လုပ်သူများအတွက် BSI သည် ၁၁၃ အထိရှိပါသည်။ သင်္ဘောထုတ်လုပ်သူများအ တွက် BSI သည်လည်း ၁၀၀ ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းများမှလွဲ၍ အခြားသောကုန်စည်များ ထုတ်လုပ်သည့် လုပ်ငန်းရှင်များအတွက် BSI သည် ၁၀၀ အောက်တွင်သာရှိနေပြီး သံမဏိထုတ် လုပ်သူများအတွက် BSI သည် ၇၃ သာရှိပါသည်။ IT ကုမ္ပဏီများအတွက် BSI သည် လည်း ၈၄ သာ ရှိပြီး ကားထုတ်လုပ်သူများအတွက် BSI သည်လည်း ၈၇ သာရှိပါသည်။ ဆန်းစစ်ချက်တွင် ပါဝင်ဖြေ ဆိုသူ ၆၃.၅ ရာခိုင်နှုန်း၏အဖြေအရ ၎င်းတို့သည်ရည်မှန်းထားသည့် စွမ်းဆောင်ရည်ပမာဏကို ရောက်ရှိနိုင်မည်မဟုတ်ဟု ယုံကြည်ထားကြပါသည်။ တောင်ကိုရီးယားပြည်တွင်း စားသုံးသူများ၏ ဝယ်လိုအားကျဆင်းခြင်း၊ ကုန်ကြမ်းပစ္စည်းများဈေးနှုန်းမြင့်မားခြင်းနှင့် ပို့ကုန်တင်ပို့မှုကျဆင်းနေ ခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆန်းစစ်ချက်တွင် ပါဝင်ဖြေဆိုသူ ၅၄ ရာခိုင်နှုန်းနီးပါးက တုံ့ပြန်ဖြေ ကြားခဲ့သည်ဟု KCCI က ထုတ်ပြန်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၁၈ ခုနှစ်အတွင်းက ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ လက်ရှိ အခြေအနေကို သိရှိနိုင်ရန်ရည်ရွယ်၍ Myanmar Business Sentiment Survey 2018 ကို ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ဆောင်ရွက်ခဲ့ပါသည်။

 

 

Source: https://www.koreatimes.co.kr/www/biz/2023/12/175_365865.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

Category: Korea