China (Kunming)

တရုတ်-ရုရှား ကုန်စည်ပြပွဲတွင် ယွမ် ၁၃ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့

Last Updated:

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တရုတ်ကုမ္ပဏီများနှင့် ၎င်းတို့၏ ရုရှားစီးပွားရေး လုပ်ဖော်ကိုင်ဖက်များက တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်း (Liaoning) ပြည်နယ်၏မြို့တော်ရှန်ယန်းမြို့ (Shenyang) ၌ ယွမ် ၁၃ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၁ ဘီလီယံ) တန်ဖိုးရှိ သဘောတူညီမှု စုစုပေါင်း ၅၅ ခုကို အပြီးသတ် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

အဆိုပါ သဘောတူညီမှုများတွင် အအေးခန်းကွင်းဆက်ကုန်လှောင်ရုံလုပ်ငန်း၊ ဘဏ္ဍာရေးဝန်ဆောင်မှုနှင့် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းကဲ့သို့သော ကဏ္ဍများပါဝင်သည်။ ရှန်ယန်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် တရုတ်-ရုရှား စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးညီလာခံတွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ညီလာခံသို့ ရုရှားနိုင်ငံနှင့် Eurasian Economic Union ရှိအခြား နိုင်ငံများမှ စွန့်ဦးတီထွင်သူ ၁၀၀ ကျော်နှင့် တရုတ်စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များ၊ စက်မှုလုပ်ငန်းကျွမ်း ကျင်သူများနှင့် ပညာရှင်များတက်ရောက်ခဲ့ကြပါသည်။ ညီလာခံကို ရှန်ယန်းမြူနီစပယ်အစိုးရနှင့် လျောင်နင်း ကုန်သွယ်ရေးဌာနတို့မှ ကြီးမှူး၍ ကျင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ညီလာခံကာလအတွင်း ရှန်ယန်း မြူနီစပယ်အစိုးရနှင့် China Eastern Airlines တို့သည် ရှန်ယန်းမြို့မှ ရုရှားနိုင်ငံ၊ မော်စကိုမြို့အကြား ပုံမှန်ခရီးသည်တင်လေကြောင်းလိုင်းကို ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ ပျံသန်းပြေးဆွဲနိုင်ရေး သဘောတူညီမှုစာကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

 

Source:http://www.chinadaily.com.cn/a/202401/30/WS65b85e5ea3104efcbdae8a6c.html

စီးပွားရေးသံမှူး (တရုတ်နိုင်ငံ၊ ကူမင်းမြို့)

Category: China (Kunming)