China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေစီမံအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့အနေဖြင့် နိုင်ငံခြားကုန်သွယ်မှုမြှင့်တင်ရန်နှင့် ကမ္ဘာတဝှမ်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ရန် ဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပြည်တွင်းနှင့် ကမ္ဘာတဝှမ်းရှိ ကုမ္ပဏီများနှင့် နိုင်ငံခြား ကုန်သွယ်မှုလုပ်ငန်းများ မြှင့်တင်ရန် ကြိုးပမ်းရာ၌ လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိထားသော စီးပွားရေးလုပ်ငန်းရှင်များ(AEO) သဘောတူညီချက်၏ အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက်သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကောက်ခွန်အထွေထွေစီမံအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အရာရှိတစ်ဦးမှ ပြောကြားထားကြောင်းသိရှိရပါသည်။

AEO Program ကို နိုင်ငံတကာရှိ ထောက်ပံ့ရေးကွင်းဆက်များ လုံခြုံခိုင်မာစေရန်နှင့် ကုန်စည်များသယ်ယူပို့ဆောင်ရာ၌ လွယ်ကူချောမွေ့စေရန် ကမ္ဘာ့အကောက်ခွန်အဖွဲ့အစည်းမှထောက်ခံအားပေးထားကြောင်းကိုလည်း အကောက်ခွန်အထွေထွေ စီမံအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၏ အထွေထွေအုပ်ချုပ်ရေးဌာန၊ ညွှန်ကြားရေးမှူး Mr.Lin Jiantian က ပြောကြားခဲ့ကြောင်းကိုလည်း သိရှိရပါသည်။

စည်းကမ်းချက်များအရ၊ ဒေသအသီးသီးမှ အကောက်ခွန်အာဏာပိုင်များသည် အကောက်ခွန် လုပ်ထုံးလုပ်နည်းဆိုင်ရာ အတား အဆီးများကို လျော့ချကာ နိုင်ငံတကာနှင့် ကုန်သွယ်မှုထိရောက်စွာ မြှင့်တင်နိုင်ရန် လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

ယခုနှစ် မတ်လကုန်တွင် တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေစီမံအုပ်ချုပ်မှု အာဏာပိုင် အဖွဲ့သည် ဥရောပသမဂ္ဂနှင့် တောင်အာဖရိကကဲ့သို့ နိုင်ငံများပါဝင်သည့် ၂၆ နိုင်ငံနှင့် AEO အပြန်အလှန် အသိအမှတ်ပြုရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံနှင့် ဒေသပေါင်း ၅၂ ခုလွှမ်းခြုံထားကြောင်း သိရှိရပါသည်။

 

 

Source: http://www.chinadaily.com.cn/a/202404/30/WS663021c0a31082fc043c4b9f.html

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)               

Category: China(Beijing)