China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ ကုန်ပစ္စည်းအချို့အပေါ် အခွန်ကင်းလွတ်ခွင့်ကို နိုဝင်ဘာလ ၃၀ ရက်အထိ သက်တမ်းတိုးထား

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ယခုနှစ်နိုဝင်ဘာလကုန်အထိ အမေရိကန်ပြည်ထောင်စု၏ ကုန်ပစ္စည်းအချို့ကို ထပ်တိုးအခွန်စည်းကြပ်မှုမှ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင်မှ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

ယခင်နှစ် စက်တင်ဘာလက ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တစ်ခုအရ အမေရိကန် ပြည်ထောင်စုမှ အချို့သောပစ္စည်းများကို US Section ပုဒ်မ ၃၀၁ အပေါ်မူတည်၍ အခွန်စည်းကြပ်မှု အစီအမံများတွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိထည့်သွင်းထားခြင်းမရှိကြောင်း သိရှိရပါသည်။

သက်တမ်းတိုးပြီးနောက် ကင်းလွတ်ခွင့်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟုလည်း သိရှိရပါသည်။

 

 

Source: http://en.people.cn/n3/2024/0430/c90000-20163559.html

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)

Category: China(Beijing)