USA

ပင်လယ်နီတွင်ဖြစ်ပွားခဲ့သည့်အကျပ်အတည်းကြောင့် ရေနံဈေးနှုန်းမြင့်တက်လာခဲ့

Last Updated:

ပင်လယ်နီတွင်ဖြစ်ပွားခဲ့သည့် အကျပ်အတည်းကြောင့် ရေနံဆီဈေးနှုန်း မြင့်တက်လာခဲ့ကြောင်းကို Wall Street Journal အွန်လိုင်းသတင်းတွင် ၃၀-၁-၂၀၂၄ ရက်နေ့၌ “Why Oil Prices Rose After Shrugging Off a Crisis”  ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။

ရေနံဈေးနှုန်းသည် မကြာသေးမီက ပင်လယ်နီတွင်ဖြစ်ပွားခဲ့သည့် အကျပ်အတည်းကြောင့် လည်းကောင်းနှင့် အခြားအခြေအနေများကြောင့်လည်းကောင်း မြင့်တက်လာခဲ့ကြောင်း၊ အစ္စရေး-ဟားမတ်စ်ပဋိပက္ခနောက်ပိုင်းတွင် ရေနံဈေးနှုန်း  (၅၀) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် (၃၆) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ရေနံဈေးနှုန်းသည် ကမ္ဘာ့ရေနံထုတ်လုပ်မှု မြင့်မားလာခြင်းကြောင့် ကျဆင်းခြင်းဖြစ်ကာ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (International Energy Agency) ၏ ထုတ်ပြန်ချက်အရ အမေရိကန်၊ ဘရာဇီးလ်နှင့် ဂိုင်ယာနာနိုင်ငံတို့ပါဝင်သည့် Non-OPEC နိုင်ငံများက ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့ရေနံထုတ်လုပ်မှုလိုအပ်ချက်ထက် ပိုမိုထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းကြောင်း၊ ကမ်းလွန်ရေနံထုတ်လုပ်မှု စီမံကိန်းများတိုးလာခြင်းကြောင့် ၂၀၂၅ ခုနှစ်တွင် ရေနံ ထုတ်လုပ်မှု ပိုများလာနိုင်ကြောင်း၊ လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုမှုတိုးလာခြင်းမှာလည်း ရေနံထုတ်လုပ်မှု လိုအပ်ချက်ကို လျော့ကျစေနိုင်ကြောင်းသိရှိရပါသည်။

ဘရန့်ရေနံဈေးနှုန်း (Brent Crude Oil) သည် ယခင်ရက်သတ္တပတ်အတွင်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၈၃.၅၅) ရှိပြီး (၆) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ နောက်ပိုင်းမှစတင်၍ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း၊ ယခင်ရက်သတ္တပတ်အတွင်း ယီမန်နိုင်ငံ၏ ဟူသီများက ရေနံတင်သင်္ဘောကို တိုက်ခိုက်မှုရှိခဲ့သော်လည်း ၂၉-၁-၂၀၂၄ ရက်နေ့တွင် Brent Crude Oil ဈေးနှုန်းသည် (၁.၄) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါကြောင်း၊ အမေရိကန်နိုင်ငံသည် ဆောင်းရာသီမုန်တိုင်းများ တိုက်ခတ်ပြီး အပူချိန်ကျဆင်းမှုကြောင့် ရေနံထုတ်လုပ်မှုအပေါ် ထိခိုက်မှုရှိခဲ့သလို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ ရေနံဈေးနှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ မြောက်ဒါကိုတာပြည်နယ်နှင့် တက္ကဆက်ပြည်နယ်တို့တွင် အပူချိန်ကျဆင်းမှုကြောင့် ရေနံတွင်းများမှ ရေနံစိမ်းထုတ်ယူမှုသည် စည်ပေါင်း (၁) သန်းအထိကျဆင်းခဲ့ပါကြောင်း၊ ၎င်းပမာဏသည် တစ်ရက်တာအတွင်း ပြည်တွင်းထုတ် လုပ်မှု စုစုပေါင်း၏ (၇.၅) ရာခိုင်နှုန်း ရှိပါကြောင်း၊ ရေနံဈေးနှုန်းမြင့်တက်ခြင်းသည် ရေနံကုမ္ပဏီများက အလွန်အကျွံ ဝယ်ယူခြင်းကြောင့်ဟုလည်း TD Securities မှ မဟာဗျူဟာရေးဆွဲသူ Mr. Daniel Ghali က ပြောကြားခဲ့ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် အနောက်နိုင်ငံများက ရုရှားနိုင်ငံအပေါ် အရေးယူကန့်သတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့ (Organization of Petroleum Exporting Countries – OPEC) ၏ ရေနံထုတ်လုပ်မှုကို လျော့ချခြင်းကြောင့်လည်း ရေနံဈေးနှုန်း မြင့်တက်လာခြင်းကို ထိန်းရန်ခက်လာခြင်းဖြစ်ကြောင်း၊ အောက်တိုဘာ လ (၇) ရက်နေ့၊ အစ္စရေး-ဟားမက်စ် ပဋိပက္ခမတိုင်မီ ရက်သတ္တပတ် (၆) ပတ်ဆက်တိုက် ရေနံဈေးနှုန်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၀) အထိရှိခဲ့ပြီး  အဆိုပါဈေးနှုန်းသည် ဟူသီများက ပင်လယ်နီတွင် ရေနံတင်သင်္ဘောကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းရှိ ဈေးနှုန်းဖြစ်ကြောင်း၊ JP Morgan ၏ လေ့လာစောင့်ကြည့်သူပညာရှင်များက ရေနံဈေးနှုန်းအပေါ် ပထဝီနိုင်ငံရေးအရ သက်ရောက်မှုမရှိနိုင်ကြောင်း၊ Citi Research ၏ လေ့လာမှုအရ ၂၀၂၅ ခုနှစ်တွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ပျမ်းမျှ (၁.၂) သန်းလိုအပ်မည်ဟု ခန့်မှန်းထားသဖြင့် ပဋိပက္ခကြောင့် ရေနံဖြန့်ဖြူးမှုအပေါ် ထိခိုက်မှုရှိလျှင် (သို့မဟုတ်) လောင်စာဆီထုတ်လုပ်မှုသည် မျှော်မှန်းချက်ထက် ကျော်လွန်ခဲ့လျှင် ရေနံမထုတ် လုပ်ဘဲဆိုင်းငံ့နေသည့် ရေနံထုတ်လုပ်ရန် အလားအလာရှိသောနိုင်ငံများ (Idle output potential)မှ အဆိုပါကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

Source: https://www.wsj.com/finance/commodities-futures/oil-prices-increase-charts-red-sea-crisis-297fdd01?mod=hp_lista_pos1                                                                                                                                                                     

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး)

Category: USA