China (HongKong)

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွက် ဟောင်ကောင်ဒေသ၏ ပြင်ပကုန်သွယ်မှု စာရင်းဇယား ထုတ်ပြန်

Last Updated:

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ ပို့ကုန်/သွင်းကုန် တန်ဖိုးများသည် ယခင်နှစ် အလားတူလာလနှင့် နှိုင်းယှဉ်ပါက အသီးသီးမြင့်တက်လာပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး ၁၁.၀ ရာခိုင် နှုန်း၊ ဟောင်ကောင်ဒေါ်လာ ၃၈၆.၄ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး၊ သွင်းကုန်တင်သွင်းမှုတန်ဖိုး ၁၁.၆ ရာခိုင်နှုန်း၊ ဟောင်ကောင်ဒေါ်လာ ၄၄၆.၃ ဘီလီယံ တိုးမြင့်ရောက်ရှိခဲ့ကာ ကုန်သွယ်မှုလိုငွေ ၅၉.၉ ဘီလီယံ ရှိသည်ဟု သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားပါသည်။

ယခင်နှစ် စာရင်းဇယားများနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် တစ်နှစ်လုံးအနေဖြင့် ပို့ကုန်တင်ပို့မှု တန်ဖိုး ၇.၈ ရာခိုင်နှုန်း ကျဆင်းပြီး၊ သွင်းကုန်တင်သွင်းမှုတန်ဖိုး ၅.၇  ရာခိုင်နှုန်း ကျဆင်းကာ ကုန်သွယ်မှုလိုငွေ ၄၆၇.၆ ဘီလီယံရှိကြောင်း ဖော်ပြထားပါသည်။

နိုင်ငံ/ ဒေသအလိုက် ပို့ကုန်/သွင်းကုန် တိုးတက်မှုအခြေအနေအရကြည့်လျှင် ၂၀၂၂ ခုနှစ်၊ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အာရှဒေသသို့ ပို့ကုန်တင်ပို့မှု ၁၀.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ အာရှဒေသအတွင်း၌ ဟောင်ကောင်ဒေသ၏ အဓိကပို့ကုန် ဈေးကွက်များဖြစ်သည့် အိန္ဒိယ (၄၆.၁ ရာခိုင်နှုန်း)၊ ထိုင်းနိုင်ငံ (၃၉.၉ ရာခိုင်နှုန်း) ၊ ထိုင်ဝမ် (၃၉.၁ ရာခိုင်နှုန်း)၊ ဗီယက်နမ် (၂၆.၅ ရာခိုင်နှုန်း)၊ နှင့် တရုတ်ပြည်မ (၈.၄ ရာခိုင်နှုန်း) တို့သို့ ပို့ကုန် တင်ပို့မှုတန်ဖိုးမြင့်တက်ခဲ့ပြီး၊ ပို့ကုန်တန်ဖိုးကျဆင်းသည့် နိုင်ငံ/ဒေသများမှာ ကိုရီးယားနိုင်ငံ (-၂၄.၀ ရာခိုင်နှုန်း) ဖြစ်ပါသည်။

အာရှဒေသပြင်ပ ဟောင်ကောင်ဒေသ၏ အဓိက ပို့ကုန်တင်ပို့ရာဒေသများအနက် အချို့ဒေသများသို့ စုစုပေါင်း ပို့ကုန်တင်ပို့မှုတန်ဖိုး မြင့်တက်ခဲ့ပါသည်။ အထူးသဖြင့် အမေရိကန်သို့ တင်ပို့မှုစုစုပေါင်းတန်ဖိုး ၂၅.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ အခြားတစ်ဖက်တွင် ဂျာမနီနိုင်ငံ (-၉.၇ ရာခိုင်နှုန်း) သို့ တင်ပို့မှုကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သွင်းကုန်တင်သွင်းမှုအပိုင်းတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ အဓိက သွင်းကုန်တင်သွင်းရာ နိုင်ငံ/ဒေသများဖြစ်သည့် ဗီယက်နမ်နိုင်ငံ (၇၇.၉ ရာခိုင်နှုန်း)၊ ကိုရီးယား (၄၂.၃ ရာခိုင်နှုန်း)၊ ထိုင်းနိုင်ငံ (၁၇.၃ ရာခိုင်နှုန်း)၊ အမေရိကန်နိုင်ငံ (၁၅.၄ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ (၁၃.၄ ရာခိုင်နှုန်း) တို့မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး တိုးတက်ခဲ့ပြီး၊ ဖိလစ်ပိုင် (-၂၅.၄ ရာခိုင်နှုန်း) နှင့် စင်ကာပူ (-၁၁.၁ ရာခိုင်နှုန်း) တို့မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ကျဆင်းခဲ့ပါသည်။

၂၀၂၃ ခုနှစ် တစ်နှစ်လုံးအနေဖြင့် ဟောင်ဟောင်ဒေသ၏ အဓိကပို့ကုန်ဈေးကွက်များဖြစ်သည့် စင်ကာပူ (-၂၁.၄ ရာခိုင်နှုန်း)၊ ဂျပန် (-၁၇.၇ ရာခိုင်နှုန်း)၊ ထိုင်ဝမ် (-၉.၉ ရာခိုင်နှုန်း)၊ တရုတ်ပြည်မ (-၉.၇ ရာခိုင်နှုန်း) နှင့် ကိုရီးယား (-၉.၅ ရာခိုင်နှုန်း) တို့သို့ ပို့ကုန်တင်ပိုမှု တန်ဖိုးများ ကျဆင်းခဲ့ပြီး၊ အာရပ်စော်ဘွားများပြည်ထောင်စုသို့ ပို့ကုန်တင်ပို့မှုတန်ဖိုး (၈.၉ ရာခိုင်နှုန်း) မြင့်တက်ခဲ့ပါသည်။

ကာလတူအတွင်း အဓိက သွင်းကုန်တင်သွင်းရာ နိုင်ငံ/ဒေသများဖြစ်သည့် ကိုရီးယား (-၂၂.၈ ရာခိုင်နှုန်း)၊ စင်ကာပူ (-၁၇.၃ ရာခိုင်နှုန်း)၊ ဖိလစ်ပိုင် (-၁၅.၇ ရာခိုင်နှုန်း)၊ မလေးရှား (-၁၅.၃ ရာခိုင်နှုန်း)၊ ထိုင်ဝမ် (-၁၀.၅ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ (-၂.၇ ရာခိုင်နှုန်း) တို့မှ သွင်းကုန် တင်သွင်းမှုတန်ဖိုးများ ကျဆင်းခဲ့ပါသည်။

ကုန်စည်အလိုက် ပို့ကုန်/သွင်းကုန် အတက်အကျအနေဖြင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ အဓိကကုန်စည်အုပ်စုများ ၏ပို့ကုန်တန်ဖိုး မြင့်တက်ခဲ့ပြီး အထူးသဖြင့် "professional, scientific and controlling instruments and apparatus" ပို့ကုန်တန်ဖိုး (၈၄.၇ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၇.၉ ဘီလီယံနှင့် "telecommunications and sound recording and reproducing apparatus and equipment" ပို့ကုန်တန်ဖိုး (၁၈.၇ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၇.၈ ဘီလီယံ အသီးသီး မြင့်တက်တက်ခဲ့ပါ သည်။

ဒီဇင်ဘာလအတွင်း သွင်းကုန်တင်သွင်းမှု၌ ဟောင်ကောင်ဒေသ၏ အဓိက သွင်းကုန်အုပ်စုများ၏ တင်သွင်းမှုတန်ဖိုးမြင့်တက်ပါသည်။ အထူးသဖြင့် "telecommunications and sound record- ing and reproducing apparatus and equipment" ပို့ကုန်တန်ဖိုး (၂၃.၅ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၁၀.၃ ဘီလီယံမြင့်တက်လာပြီး၊ "electrical machinery, apparatus and appliances, and electrical parts thereof" မှာ ပို့ကုန်တန်ဖိုး (၃.၆ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၇.၀ ဘီလီယံမြင့်တက်လာပြီး၊ "power generating machinery and equipment" ပို့ကုန်တန်ဖိုး (၆၅.၀ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၆.၄ ဘီလီယံမြင့်တက်လာခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် တစ်နှစ်ပတ်လုံးအနေဖြင့် အဓိက ပို့ကုန်အုပ်စုအချို့၏ ပို့ကုန်တင်ပို့မှုတန်ဖိုး ကျဆင်းမှုခဲ့ရာ အထူးသဖြင့် electrical machinery, apparatus and appliances, and electrical parts thereof ပို့ကုန်တင်ပို့မှုတန်ဖိုး (-၁၀.၇ ရာခိုင်နှုန်း) တန်ဖိုး ဟောင်ကောင်ဒေါ်လာ ၂၃၇.၆ ဘီလီယံနှင့် "office machines and automatic data processing machines" ပို့ကုန်တင်ပို့မှုတန်ဖိုး (-၁၆.၅ ရာခိုင်နှုန်း) တန်ဖိုး ဟောင်ကောင်ဒေါ်လာ ၈၀.၇ ဘီလီယံ ကျဆင်းခဲ့ပါသည်။

သွင်းကုန်တင်သွင်းမှုတွင် ဟောင်ကောင်ဒေသ၏ အဓိက သွင်းကုန်အုပ်စုများဖြစ်သည့် electrical machinery, apparatus and appliances, and electrical parts thereof တင်သွင်းမှု တန်ဖိုး (-၁၀.၁ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၂၂၇.၄ ဘီလီယံနှင့် "office machines and automatic data processing machines များ တင်သွင်းမှုတန်ဖိုး (-၂၂.၀ ရာခိုင်နှုန်း) ၉၁.၄ ဘီလီယံ ကျဆင်းခဲ့ပါသည်။

ယခင်နှစ် စာရင်းဇယားများနှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၌ ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုတန်ဖိုး တိုးတက်လာကြောင်း၊ ဟောင်ကောင်ဒေသ၏ အဓိကပို့ကုန် ဈေးကွက်များဖြစ်သည့် အမေရိကန်နှင့် တရုတ်ပြည်မသို့ တင်ပို့မှုများ သိသိသာသာ တိုးတက်လာပြီး၊ ဥရောပသမဂ္ဂသို့ တင်ပို့မှုလည်း အနည်းငယ်တိုးတက်လာကြောင်း၊ အာရှဒေသရှိ အဓိက ဈေးကွက်များသို့ တင်ပို့မှုမှာလည်း အတက်အကျများရှိနေသေးသည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ ပြင်ပဈေးကွက်များတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေ၊ ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်လာခြင်းနှင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှေးကွေးနေသည့် အခြေအနေများကြောင့် ဒေသ၏ ပို့ကုန်တင်ပို့မှုအပေါ် ဖိအားဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)