China (HongKong)

တစ်နှစ်အတွင်း အနိမ့်ဆုံးလစာ တိုးမြှင့်မှု အမြင့်ဆုံးနိုင်ငံများအနက် ဟောင်ကောင်ဒေသ အဆင့် ၃၉ တွင်ရပ်တည်

Last Updated:

၂၀၂၃ ခုနှစ်အတွင်း ဟောင်ကောင်ဒေသ၏ အနိမ့်ဆုံးလစာတိုးမြှင့်မှု ၆.၇ ရာခိုင်နှုန်းဖြင့် စစ်တမ်းကောက်ယူသည့် နိုင်ငံပေါင်း ၆၇ နိုင်ငံအနက် အဆင့် ၃၉ တွင် ရပ်တည်နေကြောင်း Picodi Hong Kong မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် “Hong Kong ranks 39th in most increase in minimum wage in a year” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

လက်ရှိအချိန်တွင် ဟောင်ကောင်ဒေသ၏ အနိမ့်ဆုံးလစာသည် ဟောင်ကောင်ဒေါ်လာ ၆၉၃၃ ဖြစ်ပါသည်။ ဝန်ထမ်းများရရှိသည့် အသားတင်လစာအပေါ်တွင် ကောက်ယူသည့် စစ်တမ်းအရ အနိမ့်ဆုံးလစာအမြင့်ဆုံး ၅ နိုင်ငံမှာ အာဂျင်တီးနား၊ တူရကီ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ မော်လ်ဒိုဗာနိုင်ငံတို့ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

လေ့လာမှုအရ အခြေခံစားသောက်ကုန်များအတွက် ကုန်ကျစရိတ်မှာ ဟောင်ကောင်ဒေါ်လာ ၁၈၀၁ ဒေါ်လာဖြင့် ယခင်နှစ်ကထက် ၀.၉၅ ရာခိုင်နှုန်း မြင့်တက်သောကြောင့် ဟောင်ကောင်ဒေသ၏ အနိမ့်ဆုံးလစာတိုးမြှင့်မှုမှာ အစားအစာဈေးနှုန်း မြင့်တက်လာမှုကို ကာမိစေရန်ဖြစ်ကြောင်း တွေ့ရှိရသည်ဟုရေးသားဖော်ပြထားပါသည်။ အဆိုပါအချက်ကို ထည့်သွင်းတွက်ချက်ပါက ဟောင်ကောင်ဒေသသည် နိုင်ငံပေါင်း ၆၇ နိုင်ငံအနက် အဆင့် ၄၀ ဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)