China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဒစ်ဂျစ်တယ်စီးပွားရေးမိတ်ဖက်သဘောတူညီမှု (Digital Economy Partnership Agreement-DEPA) ၌ ပါဝင်ရန် စိတ်အားထက်သန်လျက်ရှိ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဒစ်ဂျစ်တယ်စီးပွားရေး မိတ်ဖက်သဘောတူညီမှု (Digital Economy Partnership Agreement- DEPA) တွင်ပါဝင်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Wang Wentao မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု Detroit တွင် ကျင်းပခဲ့သည့် 2023 APEC ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးများအစည်းအဝေး၌ Sidelines Meeting အနေဖြင့် ကျင်းပခဲ့သည့် တရုတ်နိုင်ငံနှင့် DEPA အဖွဲ့ဝင်ဝန်ကြီးများအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

သမ္မတရှီမှ တရုတ်နိုင်ငံ DEPA သို့ ဝင်ရောက်နိုင်ရေး လိုအပ်သည့် ကြိုးစားအားထုတ်မှုများ ဆောင်ရွက်ရန် တိုက်တွန်းလျက်ရှိကြောင်းနှင့် တရုတ်နိုင်ငံမှ DEPA သို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေး လိုအပ်သည့် အကဲဖြတ်ဆောင်ရွက်မှုများပြုလုပ်၍ လမ်းညွှန်မှုများ ပေးစေလိုကြောင်း Mr. Wang မှပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံအနေဖြင့် DEPA အဖွဲ့ဝင်နိုင်ငံအဖြစ်သို့ ဝင်ရောက်နိုင်ရေးအတွက် နည်းပညာ ဆိုင်ရာ အကြံဉာဏ်များရယူခြင်း၊ မူဝါဒဖလှယ်မှုများတက်ကြွစွာဆောင်ရွက်ခြင်း၊ အကြောင်းအရာ တစ်ခုချင်းစီအလိုက် လိုက်လျောညီထွေမှုရှိစွာဖြေရှင်းဆောင်ရွက်ခြင်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေးတွင် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရန် ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

DEPA အဖွဲ့ဝင်နိုင်ငံများသည် တရုတ်နိုင်ငံရှိ လုပ်ငန်းအဖွဲ့၏ တိုးတက်ဆောင်ရွက်မှုများကို အပြုသဘောဆောင်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ လုပ်ငန်းအဆင့် အားလုံးပြီးပြည့်စုံစွာ တိုးတက်ဆောင်ရွက်နိုင်ရေး အကြံပြုဆောင်ရွက်ရန်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးအတွက် သင့်လျော်သည့် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာဆောင်ရွက်နိုင်ရေး ၎င်းတို့အနေဖြင့် ဆန္ဒရှိကြောင်း၊ ကောင်းမွန်သည့် ရလဒ်ရရှိစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန် ပြောကြားကြောင်း သိရှိရပါ သည်။

၁-၁၁-၂၀၂၁ ရက်တွင် တရုတ်နိုင်ငံသည် DEPA သို့ ပါဝင်နိုင်ရန် လျှောက်လွှာတင်သွင်းခဲ့ပြီးနောက် DEPA အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံရှိ ဥပဒေ၊ နည်းဥပဒေများနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ကျင့်သုံးမှုဆိုင်ရာ စည်းမျဉ်းများနှင့်စပ်လျဉ်းသည့် အသေးစိတ်ရှင်းလင်းမှုများကို အကြိမ်များစွာ ဆောင်ရွက်ခဲ့ပြီး DEPA တွင် ပူးပေါင်းဆောင်ရွက်လိုသည့် ၎င်းတို့၏ သဘောထားကို တက်ကြွစွာ ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

၁၈-၈-၂၀၂၂ ရက်နေ့တွင် တရုတ်နိုင်ငံအနေဖြင့် DEPA သို့ဝင်ရောက်နိုင်ရေးအတွက် ထိရောက်စွာ ဆွေးနွေးဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့တည်ထောင်ခဲ့ပြီး သဘောတူညီချက်ရရှိရေး ဆွေးနွေးညှိနှိုင်းမှုများကို စတင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

Source: China keen to join Digital Economy Partnership Agreement: commerce minister (www.gov.cn)

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Category: China(Beijing)