China(Beijing)

ပေကျင်းမြို့တော်တွင်းရှိ စီးပွားရေးလုပ်ငန်းသစ်များသည် ရင်းနှီးမြှုပ်နှံမှု၊ တီထွင်ဆန်းသစ်မှုမူဝါဒ ဆိုင်ရာအကျိုးကျေးဇူးများရရှိ

Last Updated:

ယခင်နှစ်က ပေကျင်းမြို့တော်တွင်း စီးပွားရေးလုပ်ငန်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ ၂ သောင်း နီးပါးကို ယွမ် ၁၆၁ ဘီလီယံ၊ အမေရိကန်ဒေါ်လာ ၂၃ ဘီလံယံကျော် ကနဦးရင်းနှီးမြှုပ်နှံမှုအဖြစ် ကူညီနိုင်ခဲ့ကြောင်း၊ တီထွင်ဆန်းသစ်မှုဆောင်ရွက်သည့် လုပ်ငန်းများအတွက် ပေကျင်းမြို့တော်၏ သက်သာခွင့်ဆိုင်ရာမူဝါဒများက အထောက်အကူများစွာဖြစ်စေခဲ့ပြီး ရလဒ်ကောင်းများရရှိစေ ခဲ့ကြောင်းသိရှိရပါသည်။

မြို့တော်အစိုးရ၏အဆိုအရ၊ ပေကျင်းတွင် ယခင်ဆယ်စုနှစ်များစွာက အများပြည်သူစာရင်းဝင်အဖြစ် စာရင်းသွင်းခြင်းမပြုရသေးသော ၁ ဘီလီယံအထက်တန်ဖိုးရှိ တည်ထောင်စ Unicorn ကုမ္ပဏီ ၁၀၂ ခုကို ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

ပေကျင်းမြို့တွင် Unicorn ကုမ္ပဏီသစ်များ အရေအတွက်မြင့်တက်လျက်ရှိပြီး ၎င်းတို့၏ ထက်ဝက်ခန့်မှာ နည်းပညာဖွံ့ဖြိုးရေးကုမ္ပဏီများဖြစ်ကြောင်း သိရှိရပါသည်။

မကြာသေးမီနှစ်များက တည်ထောင်မှုသက်တမ်း ငါးနှစ်အောက် Unicorn ကုမ္ပဏီငယ်လေးများသည် မြို့တော်ပေကျင်းတွင် ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့ဆောင်ရွက်သည့် နယ်ပယ်များမှာ AI အကူအညီဖြင့် ဆေးဝါးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း၊ AI Chips၊ စက်မှုလုပ်ငန်း သုံး အင်တာနက်နှင့် လေယာဉ်/အာကာသယာဉ်တည်ဆောက်ခြင်း” စသည်တို့ ဖြစ်ကြောင်းသိရှိရပါသည်။

စွမ်းအင်သိုလှောင်စနစ်နှင့် နည်းပညာဝန်ဆောင်မှုများပြုသည့် Beijing Hyper Strong Technology Co. သည် ပေကျင်း၏ Haidian ခရိုင် တရုတ်နိုင်ငံ Silicon Valley ဟု လူသိများသည့် Zhonggyancun တွင် တည်ထောင်ထားသည့် Unicorn ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

အဆိုပါကုမ္ပဏီ၏ Chairman နှင့် General Manager မှ ၎င်းအနေဖြင့် အမေရိကန်နိုင်ငံမှ ၂၀၁၁ ခုနှစ်တွင် ပြန်လည်ရောက်ရှိလာပြီးနောက် Haidian ခရိုင်သည်  ကုမ္ပဏီသစ်တည်ထောင်သူများအတွက်  သက်သာခွင့် အခွင့်အရေးများစွာရှိသည့် စီးပွားရေးဝန်းကျင်ရှိသဖြင့် ၎င်း၏ကုမ္ပဏီကို အဆိုပါ ခရိုင်တွင်း တည်ထောင်ခဲ့ကြောင်း၊ ပြည်တွင်းအစိုးရအနေဖြင့် ကုမ္ပဏီများ၌ ဘဏ္ဍာရေး (သို့) လုပ်ငန်းတွေးခေါ်မှုပိုင်းဆိုင်ရာ အခက်အခဲများကြုံတွေ့ရသည့်အခါတိုင်း ပြဿနာများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ခြင်းကြောင့် လုပ်ငန်းရှင်များအတွက် စွန့်စားဆောင်ရွက်လိုစိတ်များ ဖြစ်ပေါ်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကုမ္ပဏီသည် သုံးနှစ်အတွင်း လျင်မြန်စွာတိုးတက်အောင်မြင်မှုရရှိခဲ့ပြီး လုပ်ငန်း အပ်နှံသူများအတွက် လက်ရှိကျင့်သုံးလျက်ရှိသော ကာဗွန်လျော့ချရေးအခြေခံသဘောတရားများ အရ ၎င်းတို့၏ စွမ်းအင်သိုလှောင်မှုနှင့် စွမ်းဆောင်ရည်ပြည့်ဝစေသည့် အသွင်ကူးပြောင်းမှုများ ပြုလုပ်နိုင်ရေး ကူညီပေးနိုင်ခဲ့သောကြောင့် ပြည်တွင်းပြည်ပဈေးကွက်နှစ်ခုလုံးတွင် အခွင့်အလမ်းများစွာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

Human Research Institute ၏ Global Unicorn Index 2023 အရ ၂၀၁၂ ခုနှစ်က စတင် တည်ထောင်ခဲ့သည့် ပေကျင်းအခြေစိုက် ByteDance ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ တန်ဖိုးရှိသည့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး Unicorn အဖြစ်ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

အခြား Top 10 ဝင်သည့် တရုတ်ကုမ္ပဏီလေးခုမှာ Ant Group, Shein, WeBank and Cainiao ကုမ္ပဏီတို့ဖြစ်ပြီး တတိယ၊ စတုတ္ထ၊ ဆဋ္ဌမနှင့် ဒဿမတို့ အသီးသီးရရှိခဲ့ကြောင်း သိရှိရပါသည်။ ပေကျင်းမြို့သည် ယခုအခါ Unicorn ကုမ္ပဏီ ၇၉ ခုရှိပြီး ကမ္ဘာတစ်ဝှမ်းလုံးရှိမြို့များ၌ ဆန်ဖရန်စစ္စကို နှင့် နယူးယောက်မြို့များနောက် တတိယအဆင့်တွင် ရပ်တည်လျက်ရှိကာ ရှန်ဟိုင်းမြို့မှာ စတုတ္ထအဆင့်တွင် Unicorn ကုမ္ပဏီ ၆၆ ခုနှင့် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Investment, innovative policies benefiting startups in capital - Chinadaily.com.cn

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Category: China(Beijing)